ယခင်ထက် ပိုမိုလျင်မြန်လာသည့် Hennessey ၏ ကမ္ဘာ့အမြန်ဆုံးကား

12193278_10153270159702825_1022560994649487357_n.jpg

တက္ကဆက်ပြည်နယ် အခြေစိုက် Hennessey Performance သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် Kennedy Space Center ၏ Space Shuttle landing runway တွင် ၎င်းကုမ္ပဏီမှ ထုတ်လုပ်သော Venom GT ကားကို တစ်နာရီလျှင်မိုင် ၂၇၀ အထိ မောင်းနှင်နိုင်စေရန် ဖန်တီးခဲ့သည်။ အဆိုပါကားတွင် မြင်းကောင်ရေအား ၁,၂၄၄ ရှိသော 7.0 liter V8 အင်ဂျင်ထည့်သွင်းခဲ့သည်။

ယခုနှစ်တွင်မူ Hennessey Performance အနေဖြင့် မြင်းကောင်ရေအား ၁,၄၅၁ ဖြင့် မောင်းနှင်နိုင်မည့် စံချိန်တင် မြန်ဆန်သော Venom GT ကို ဖန်တီးခဲ့သည်။ Hennessey သည် မြင်းကောင်ရေအား ၂၀၇ ကို Venom GT တွင် ထပ်မံ ထည့်သွင်းခဲ့သောကြောင့် ကျစ်လစ်သပ်ရပ်သော ကားများတွင် မြင်တွေ့ရလေ့ရှိသည့် မြင်းကောင်ရေအားထက် ပိုမိုများပြားသည်။ သို့ရာတွင် Venom GT ကိုပြောင်းလဲမှု အနည်းငယ်သာ ပြုလုပ်ထားပြီး လောင်စာရောစပ်မှုကို ခြေရာခံပေးမည့် flex fuel sensor သစ်ကို ထည့်သွင်းခဲ့သလို မြေပုံများကို ပြင်ဆင်ထားကာ လေထုညစ်ညမ်းပြညွှန်းကိန်းကို 19 psi မှ 26 psi အထိ မြှင့်တင်ထားသော အဆင့်မြင့် turbo boost တို့ ပါဝင်လာသည်။

ယခုအခါတွင် Venom GT သည် တစ်နာရီလျှင် မိုင် ၂၈၀ အထိ မောင်းနှင်နိုင်ကြောင်း Hennessey မှ ဖော်ပြခဲ့သည်။ ထို့အပြင် ၎င်းကားသည် ၉.၄ စက္ကန့်အတွင်း တစ်မိုင်၏ လေးပုံတစ်ပုံရောက်ရှိအောင် မောင်းနှင်နိုင်ပြီး အလေးချိန်မှာမူ အလွန်ပေါ့ပါးကာ ၂,၇၄၃ ပေါင်သာရှိသည်။ Hennessey မှ ထုတ်လုပ်သော Venom GT ကားကို ကန်ဒေါ်လာ ၁.၂သန်း ဖြင့်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

Ref: ModernReader