Windows 10 တွင် ယခင် Windows version များမှ နာရီပုံစုံကို ပြန်လည်ထည့်သွင်းခြင်း

windows-old-clock-new-dword.jpg

Windows 10 အသုံးပြုသူတွေ အနေနဲ့ ယခင် Windows 7 မှ နာရီပုံစံကို ပြန်လည် အသုံးပြုချင်တယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း အလွယ်တကူနဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Windows 10 မှာ ထည့်သွင်းပေးထားတဲ့ နာရီပုံစံကို သဘောမကျတဲ့ သူတွေအနေနဲ့ ယခင်ဗားရှင်းတွေမှာ အသုံးပြုခဲ့တဲ့ ပုံစံအတိုင်း ပြောင်းလဲကာ အသုံးပြုနိုင်ပါတယ်။

ယခင်နာရီ ပုံစံအတိုင်း ပြောင်းလဲချင်သူတွေအနေနဲ့ ပထမဆုံး Run box ကိုWin+R key နှိပ်ပြီး ဖွင့်လိုက်ပါ။ Run Box ပေါ်လာရင် regedit ဆိုတဲ့ command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ Regedit ကိုရိုက်ထည့်လိုက်ရင် Registry box တက်လာမှာ ဖြစ်ပါတယ်။ အဆိုပါ Registry box ကနေ ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။

Registry box တက်လာရင် ဖော်ပြပါ လမ်းကြောင်းအတိုင်း သွားရပါမယ်။ HKEY_LOCAL_MACHINE>SOFTWARE>Microsoft>Windows>CurrentVersion>ImmersiveShell ဆိုတဲ့ လမ်းကြောင်းအတိုင်း ရောက်သွားပြီဆိုရင် ညာဘက် panel ထဲမှာ Right-click နှိပ်လိုက်ပါ။ New ပေါ်လာမှာဖြစ်ပြီး DWORD (32-bit) Value ဆိုတာကို ရွေးချယ်ပေးရပါမယ်။ အဆိုပါ ပြုလုပ်လိုက်တဲ့ဖိုင်ကို UseWin32TrayClockExperience ဆိုတဲ့ အမည်ပေးရပါမယ်။ စာလုံးအကြီးအသေးကို သတိထားပြီး ဖော်ပြပေးထားတဲ့အတိုင်း ပေးလိုက်ပါ။

အဆိုပါဖိုင်ကို အမည်ပေးပြီးပြီဆိုရင် အလုပ်လုပ်ဆောင် နိုင်ရန်အတွက် ပြင်ဆင်ပေးရပါမယ်။ အဆိုပါဖိုင်ကို ပြင်ဆင်ရန် double click နှိပ်လိုက်ပါ။ ပြီးသွားရင် Value data ဆိုတဲ့နေရာမှာ တန်ဖိုးကို 1 အဖြစ် သတ်မှတ်ပေးလိုက်ပါ။ တန်ဖိုးထည့်သွင်း ပြီးပြီဆိုရင် Ok ကို နှိပ်လိုက်။ ဒီအဆင့် ပြီးသွားရင်တော့ နာရီဟာ ယခင်ဗားရှင်းအဟောင်းမှာ မြင်နေကျ နာရီပုံစံအတိုင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အကယ်၍ အဆိုပါ ဒီဇိုင်းပုံစံကို မကြိုက်ဘူးဆိုရင်တော့ အဆိုပါ ဖိုင်လေးကို Double-click နှိပ်လိုက်ပါ။ ပြီးသွားရင် 0 လို့တန်ဖိုးကို ပေးထားနိုင်သလို၊ အဆိုပါဖိုင်ကို delete ပြုလုပ်ပြီး ဖျက်လိုက်ရင်လည်း ယခင်ဗားရှင်း ပုံစံနာရီကို မြင်ရတော့မှ မဟုတ်ပါဘူး။ အထက်ပါ ဖော်ပြချက်များဟာ ယခင်ဗားရှင်း အဟောင်းနာရီကို ပြန်လည် အသုံးပြုချင် သူများအတွက် အလွယ်တကူနဲ့ လုပ်ဆောင်နိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။