Android ဖုန်းများတွင် အသံစနစ်ဖြင့် Screen Lock ဖွင့်ခြင်း

07_TKK_Screenshot_User-Guide_30Oct2015.jpg

Android ဖုန်းတွေမှာ အသုံးပြုတဲ့ Screen Lock စနစ်တွေမှာ Pattern, Password, PIN အစရှိတဲ့စနစ်တွေ ပါဝင်ပေမယ့် ခုအသုံးပြုမယ့် စနစ်ကတော့ အသံစနစ် Voice Command နဲ့ ဖုန်းရဲ့ Screen Lock ကိုဖွင့်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီလိုအသုံးပြုဖို့ အတွက်တော့ အချို့ဖုန်းတွေမှာ ပါဝင်ပေမယ့် အချို့သော ဖုန်းတွေမှာတော့ အသံစနစ်ဟာ မပါဝင်ပါဘူး။ Voice Command စနစ်မပါဝင်တဲ့ ဖုန်းတွေမှာဆိုရင်တော့ ဆော့ဖ်ဝဲကို ထည့်သွင်းအသုံးပြု နိုင်ပါတယ်။ အသုံးပြုမယ့် ဆော့ဖ်ဝဲကတော့ Voice Screen Lock ဆိုတဲ့ ဆော့ဖ်ဝဲပါ။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံမျိုးရှိပါတယ်။

ဆော့ဖ်ဝဲကို ဖွင့်လိုက်ရင် ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာ Start ဆိုတာကို နှိပ်လိုက်ရင် ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာ အသုံးပြုနိုင်မယ့် စနစ် ၆ ခုရှိနေတာ မြင်တွေ့ရပါလိမ့်မယ်။ Set Voice Lock, Set Backup Pin, Select Voice Theme ဆိုတဲ့ စနစ်သုံးမျိုးကတော့ အဓိကအသုံးပြုနိုင်တဲ့ စနစ်တွေပဲ ဖြစ်ပါတယ်။ Set Voice Lock ဆိုတဲ့နေရာကို နှိပ်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းရဲ့အပေါ်မှာရှိတဲ့ Register Voice Password ဆိုတဲ့နေရာမှာ Mic ပုံစံသင်္ကေတနဲ့ ကွက်လပ်ရှိပါတယ်။ ဒါက ကိုယ်အသုံးပြုမယ့် Voice ကို မှတ်သားနိုင်မယ့် နေရာဖြစ်ပါတယ်။ Mic သင်္ကေတကို နှိပ်လိုက်ပါ။ ခုလိုမြင်ရပါလိမ့်မယ်။

ဒါကတော့ အသံမှတ်သားဖို့ ဖြစ်ပါတယ်။ အသံမှတ်သားနိုင်ဖို့အတွက် ကိုယ့်စိတ်ကြိုက် အင်္ဂလိပ်အသံထွက် တစ်ခုခုကို ရွတ်ဆိုပေးလိုက်ပါ။ ဒါဆိုရင် အသံကိုမှတ်သားပြီး ကွက်လပ်ထဲမှာ စာသားနဲ့ ပြန်လည်ဖော်ပြ ပေးပါလိမ့်မယ်။

ဒါဆိုရင်တော့ အသံမှတ်သား မှုပြီးစီးပြီဖြစ်ပါတယ်။ အသံမှတ် သားမှုရဲ့အောက်မှာရှိနေတဲ့ Enable, Disable ဆိုတဲ့နေရာကို လည်းဂရုစိုက်ပါ။ ဒါကစနစ်ကို ဖွင့်ပိတ်ပြုလုပ်တဲ့ နေရာဖြစ်ပါတယ်။

Set Backup Pin ဆိုတာကို နှိပ်လိုက်ရင် ခုလိုမျိုးမြင်ရ ပါလိမ့်မယ်။

ဒါကတော့ အသံမှတ်သားမှုနဲ့ဖွင့်ဖို့ အဆင်မပြေတဲ့ အချိန်တွေမှာ PIN နံပါတ်နဲ့နှိပ်ပြီး ဖွင့်နိုင်ဖို့အတွက် မှတ်သားထားနိုင်မယ့် နေရာဖြစ်ပါတယ်။

ဒါဆိုရင်တော့ စနစ်ကိုပြည့်ပြည့်စုံစုံ အသုံးပြုနိုင်ပါပြီ။ အသံနဲ့ Screen Lock လုပ်ထားတဲ့ ဒီနည်းလမ်းဟာ အွန်လိုင်းအသုံးပြု နည်းလမ်းဖြစ်တဲ့အတွက် ဒါကိုအသုံးပြုမယ် ဆိုရင်တော့ အင်တာနက်ဖွင့် ထားဖို့လို အပ်ပါလိမ့်မယ်။ အင်တာနက် မဖွင့်ထားတဲ့ အချိန်တွေမှာ ဆိုရင်တော့ အသံစနစ်ကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုအချိန်တွေမှာ ဆိုရင်တော့ ဒုတိယမှတ်သားခဲ့တဲ့ PIN စနစ်နဲ့ Screen Lock ကို ဖွင့်နိုင်ပါလိမ့်မယ်။ Select Voice Theme ဆိုတာကတော့ Lock စနစ်အတွက် Theme ကို ရွေးချယ်နိုင်တဲ့နေရာ ဖြစ်ပါတယ်။

-ကိုသက်