Anycall Mobile ၏ သီတင်းကျွတ် အထူး ဈေးရောင်းပွဲတော် ကျင်းပ ပြုလုပ်

Anycall-Mobile-AT-YGN-Hlaedan-Center-News-2015OCT30-(4).jpg

Anycall Mobile ၏ သီတင်းကျွတ် အထူးဈေးရောင်းပွဲတော်ကို အောက်တိုဘာလ ၂၄ ရက် နံနက် ၁၀ နာရီမှ ည ၇ နာရီအထိ လှည်းတန်းစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဈေးရောင်းပွဲတော်တွင် Samsung, G’Five, Huawei, Lenovo, Vivo, HTC စသည့် အမှတ်တံဆိပ် ဟန်းဆက်များထဲမှ ဟန်းဆက်တစ်လုံးဝယ်ယူ သူတိုင်း Anycall မှ ခေါက်ထီး၊ ရေဘူး၊ စာအုပ်၊ T Shirt, Tissue ဘူး စသည့် လက်ဆောင်ငါးမျိုးကို ချက်ချင်းပေးအပ်ခဲ့သည်။ ထို့အပြင် အခုဝယ်အခုပေါက် ဗလာမပါ ကံစမ်းမဲ အစီအစဉ်နှင့် Samsung  Tablet လေးလုံး၊ G’Five Xhero7 ဟန်းဆက်တစ်လုံး၊ Vivo V1 ဟန်းဆက်တစ်လုံး၊ Vivo Y15 ဟန်းဆက်နှစ်လုံး၊ Lenovo Vibe X2 ဟန်းဆက်တစ်လုံး၊ Huawei P8 Lite တစ်လုံးအပြင် အခြားဆုမဲပေါင်းများစွာကို မဲဖောက်ပေးသည့် အထူး lucky Draw အစီအစဉ်ကိုပါ ကျင်းပပြုလုပ်ပေးခဲ့သည်။ Phone Accessory များကိုလည်း ၅ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ အထူးလျှော့ဈေးများဖြင့် ရောင်းချ ပေးခဲ့သည်။

ဈေးရောင်းပွဲတော်သို့ လာရောက်သူများကိုလည်း Enter-tainment များဖြင့် ဧည့်ခံ ဖျော်ဖြေပေးခဲ့သည်။