CCTV Camera

CCTV--Camera-AA-YGN-product-2015OCT29.jpg

လုံခြုံရေးအတွက် အသုံးပြု နိုင်မည့် လုပ်ငန်းသုံး၊ အိမ်သုံး ဘက်စုံအသုံးနိုင်အသုံးပြုနိုင်သော CCTV ကင်မရာဖြစ်သည်။ အိမ်၊ ရုံး၊ ဂိုဒေါင်၊ လုပ်ငန်းခွင် မည်သည့်နေရာတွင် မဆို တပ်ဆင် အသုံးပြုနိုင်မည်ဖြစ်သည်။ ထူးခြားချက်အနေဖြင့် မြင်ကွင်းကျယ် အထူးကောင်းမွန်သည့်အတွက် ကျဉ်းမြောင်းသော ဆိုင်ခန်း၊ အိမ်ခန်း၊ လှေကားခွင် ကဲ့သို့နေရာမျိုးတွင်ပါ Blind spot နည်းပါးစွာဖြင့် တပ်ဆင်အသုံးပြုနိုင်မည်ဖြစ်သည်။Blind spot ဟုခေါ်ဆိုသည့်ကွယ်နေသော၊ မမြင်ရသော ဧရိယာများ လေလုံခြုံမှု အားနည်းလေ ဖြစ်တတ်ခြင်းကို အဆိုပါကင်မရာမှ အတတ်နိုင်ဆုံး ကာကွယ်ပေးထားမည်ဖြစ်သည်။ ကင်မရာ ရှေ့ တစ်ပေခွဲအကွာမှ စတင်မြင် တွေ့နိုင်မည်ဖြစ်ပြီး ကင်မရာ Aperture ၂.၈ ရှိသည့်အတွက် အလင်းရောင် အားနည်းသော အချိန်မျိုးတွင်လည်း IR မီးမပါ ဘဲမြင်တွေ့နိုင်မည်ဖြစ်သည်။ စိတ်မချပါက IR မီးဖြင့် အသုံးပြုနိုင်သည့်အတွက် နေ့၊ ညမရွေး တပ်ဆင်နိုင်ပြီး အတွင်း၊ အပြင် မည်သည့်နေရာမဆို ထားသုံးနိုင် မည် ဖြစ်သည်။ ရေလုံစနစ် ပါဝင်သည့်အတွက် ပြင်ပတွင် ထား၍လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ အရွယ်အစားမှာ ၃ လက်မသာရှိပြီး ရုပ်ထွက်ကြည်လင် ပြတ်သားတဲ့ PAL စနစ်နှင့်ဖြစ်ပြီး 800 T.V Line ရှိမည်ဖြစ်သည်။ DC 12V ဖြင့် အသုံးပြုရပြီး တန်ဖိုးမှာကျပ် ၄၅,ဝဝဝ ဖြစ်သည်။ Asia Best Link ဖုန်း ၃၉၉၁၂၉၊ ၀၉-၅၁၀၉၄၄၂ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။