Private Calculator

Private.jpg

သာမန်ဂဏန်းပေါင်းစက်ကဲ့သို့ အသုံးပြုနိုင်မည်ဖြစ်ပြီး မိမိ၏ လျှို့ဝှက်ကုဒ်နံပါတ်ကို ထည့်သွင်းမှ အထဲတွင် ဖွက်ထားသည့် ဓာတ်ပုံများနှင့် အခြားသော အချက်အလက်များကို အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ app သည် code နံပါတ် မထည့်သွင်းဘဲ အသုံးပြုလျှင် ဂဏန်းပေါင်းစက်ကဲ့သို့ပင် အသုံးပြုနိုင်ရန် စီစဉ်ထားသည်။

အဆိုပါ app ကို ယခင်က ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန် အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 6.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။