Panasonic Split Type Aircon

Panasonic-Split-Type-Aircon-ATk-online-product-2015OCT22.jpg

Panasonic အမှတ်တံဆိပ် Split Type Aircon Inverter ဖြစ်သည်။ Intelligent Eco Sensor (Econavi) + Inverter နည်းပညာပါဝင်သည့်အတွက် အိမ်တွင် တစ်နေ့တာလုံး အကောင်းဆုံးအေးမြမှုနှင့်စွမ်းအင်ချွေတာမှုကို ပေးနိုင်မည်ဟု သိရသည်။  Inverter နည်းပညာကြောင့် စွမ်းအင်သုံးစွဲမှုကို လေလွင့်မှုမရှိစေဘဲ အမြင့်ဆုံး ၆၅% အထိ စွမ်းအင်ကိုချွေတာပေးနိုင်မည်ဟု သိရသည်။ Eco Sensor ပါဝင်သောကြောင့် လူ၏လှုပ်ရှားမှု၊ အခန်းတွင်း လူရှိမရှိ စစ်ဆေးခြင်းအပြင် နေရောင်ခြည်၊ အလင်းအမှောင် ပြောင်းလဲမှုကို လိုက်၍ လိုအပ်သလို အခန်းတွင်း အအေးဓာတ်ကို ချိန်ညှိပေးမည် ဖြစ်သည်။ လေထုအတွင်း
ရှိ ဘက်တီးရီးယားများနှင့်ဗိုင်းရပ်စ်များကို ၉၉ ရာခိုင်နှုန်းအထိ ဖယ်ရှားပေးနိုင်သည့် Nanoe-G နည်းပညာလည်း ပါရှိသည်။ မြင်းကောင်ရေ တစ်ကောင်အားမှာ ၄၃၅,၀၀၀ ကျပ်ဖြစ်ပြီး တစ်ကောင်ခွဲအားမှာ ၅၃၅,၀၀၀ ကျပ်ဖြစ်သည်။ Multi Generation Electronics Wholesales Centre ဖုန်း ၀၉-၇၃၂၄၀၁၂၃ ၌ဆက်
သွယ် ဝယ်ယူနိုင်မည်ဖြစ်သည်။