Notifications tab ကို Google Now ကတ်များအသွင် Facebook ပြောင်းလဲ

12193711_10153259584682825_4555344808015822876_n.jpg

Facebook သည် ၎င်း၏ notifications tab ကို Google Now နှင့် ပိုမိုဆင်တူသည့်အသွင်ဖြင့် အဆင့်မြှင့်တင်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ update ကို အမေရိကန်ရှိ iOS နှင့် Android သုံးစွဲသူများထံ Facebook က တစ်ဖြည်းဖြည်းချင်း ဖြန့်ချိပေးလျက်ရှိသည်။ ၎င်းသည် သူငယ်ချင်းများ၏ like များ၊ comment များ၊ မွေးနေ့များနှင့် ပွဲဖိတ်ကြားမှုများကို ကတ်များအနေဖြင့် ပြသပေးမည် ဖြစ်သည်။

Like ပြုလုပ်ထားသော စာမျက်နှာများနှင့် သက်ဆိုင်သည့် notification များကိုလည်း ရရှိနိုင်သောကြောင့် နှစ်သက်ရာ အားကစားအသင်းများ၊ တီဗီရှိုးများ၊ ရာသီဥတုနှင့် သတင်းဆောင်းပါးများနှင့် ပတ်သက်၍ notification များကို မြင်တွေ့ရမည်ဖြစ်သည်။

ထို့အပြင် မိုဘိုင်း notification များကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး Facebook app တွင် Location History ကို enable လုပ်ထားသည့်အခါ တည်နေရာအပေါ်မူတည်၍ ပွဲများ၊ သတင်းများ၊ ရာသီဥတုအခြေအနေများနှင့် သတိပေးချက်များအပြင် အနီးအနားရှိ စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံများနှင့် သက်ဆိုင်သော notification များကိုပါ မြင်တွေ့ရမည်ဖြစ်သည်။

Ref: MacWorld