Beats pill speaker

Beats-pill-Speaker-AA-YGN-product-2015OCT22.jpg

အသံထွက် အရည်အသွေး ကောင်းကောင်း ကြိုက်သူများအတွက် အဆင်ပြေစေမည့် Dr dre ၏ beat အမှတ်တံဆိပ် Bluetooth speaker များကို Asia Best Link ၌ ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ Stereo စနစ် Speaker နှစ်လုံးနှင့်ဖြစ်ပြီး LED မီးရောင်စုံ ပါဝင်သည့်ဒီဇိုင်းနှင့် မပါသည့် ဒီဇိုင်းဟူ၍ နှစ်မျိုးရှိမည်ဖြစ်သည်။ နှစ်မျိုးစလုံး၌ Clear Voice စနစ်နှင့် Superior audio technology ပါဝင်သည့်အတွက် အသံအရည်အသွေး အထူးကောင်းမွန်မည်ဖြစ်သည်။ Audio output ပါဝင်သည့် ကွန်ပျူတာ၊ MP3/4, ဂိမ်း၊ ရေဒီယို၊ CD စသည့် ပစ္စည်းမျိုးစုံနှင့် တွဲဖက်အသုံးပြုနိုင်သည့်အပြင် Bluetooth စနစ်ပါဝင်သော ဖုန်း Laptop, Tablet အပါအဝင် ပစ္စည်းများနှင့်လည်း တွဲဖက်အသုံးပြုနိုင်မည် ဖြစ်သည်။ Built-in microphone ပါဝင်သည့်အတွက် ဖုန်းအဝင်၊ အထွက်ကိုပါ လက်ခံစကားပြောနိုင်သည်။ ထုလုံးရှည် ဆလင်ဒါပုံစံဖြစ်ပြီး အရောင် ၆ ရောင်ရှိမည်ဖြစ်သည်။ ပြန်လည်အားသွင်းနိုင်သည့် ဓာတ်ခဲနှင့် အသုံးပြုရမည်ဖြစ်ပြီး အားသွင်းကြိုးလည်းပါဝင်ပြီး ဖြစ်သည်။ FM ရေဒီယို လည်း ပါဝင်သည်။ အိတ်ဆောင်၊ စားပွဲတင်အရွယ်အစားဖြစ်ပြီး တန်ဖိုးမှာ ကျပ် ၂ဝ,ဝဝဝ ကျော်ဖြစ်သည်။ ဖုန်း ၃၉၉၁၂၉ နှင့် ၀၉၅၁၀၉၄၄၂ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။