Meizu MX5 အတွက် Flyme 5.0 ဖြန့်ချိ

12189873_10153259318827825_303188397621973641_n.jpg

Meizu သည် Meizu MX5 အတွက် Flyme 5.0 update ကို ဖြန့်ချိပေးလိုက်သည်။ အဆိုပါ firmware သစ်သည် Android ဗားရှင်းကို မြှင့်တင်ပေးမည် မဟုတ်သော်လည်း Flyme laucher ကို 5.0 အထိ upgrade လုပ်ပေးမည် ဖြစ်သည်။

Flyme 5.0 သည် Meizu Pro 5 ကို မိတ်ဆက်ကြေညာပြီးနောက် ဖြန့်ချိပေးခဲ့ခြင်း ဖြစ်သော်လည်း MX5 စမတ်ဖုန်း သုံးစွဲသူများသာ update ကို ဦးစွာရရှိမည်ဖြစ်သည်။ 5.0 ဗားရှင်းတွင် icon များနှင့် animation များကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားပြီး ဘက်ထရီသက်တမ်းနှင့် စွမ်းဆောင်ရည်ကလည်း ပိုမိုကောင်းမွန်လာသည်။

၎င်း firmware ကို OTA download အနေဖြင့် ရရှိမည် ဖြစ်ပြီး ဖိုင်အရွယ်အစားက 940MB ဖြစ်သည်။ လက်ရှိတွင် Meizu ဆာဗာများမှ download ပြုလုပ်မှု အများအပြားရှိနေသောကြောင့် download လုပ်ငန်းစဉ်မှာ နှေးကွေးနေမည် ဖြစ်သည်။

Ref: GSMArena