၅ လက်မ qHD display နှင့် Snapdragon 410 ပါဝင်သည့် Neo 7 ကို Oppo မိတ်ဆက်

finish.jpg

ပြီးခဲ့သည့် ရက်သတ္တပတ်က R7s ကို မိတ်ဆက်ပေးခဲ့သည့် Oppo သည် တန်ဖိုး ဒေါ်လာ ၂၀၀ အောက်သာ ကျသင့်မည့် Neo 7 ကို ထပ်မံမိတ်ဆက်ပေးခဲ့သည်။

အဆိုပါ စမတ်ဖုန်းတွင် qHD resolution ဖြင့် ဖော်ပြပေးမည့် ၅ လက်မ TFT LCD display ပါဝင်သည်။ Qualcomm Snapdragon 410 quad-core 1.2GHz ပရိုဆက်ဆာကို အသုံးပြုထားပြီး RAM က 1GB ဖြစ်သည်။ သိုလှောင်မှုပမာဏ 16GB ဖြစ်ပြီး microSD card မှတစ်ဆင့် သိုလှောင်မှုကို တိုးမြှင့်နိုင်သည်။

ကျောဘက်ကင်မရာက 8MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 5MP ဖြစ်သည်။

အရွယ်အစားမှာ ၁၄၂.၇ x ၇၁.၇ x ၇.၆ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၄၁ ဂရမ်ဖြစ်သည်။ ဘက်ထရီက 2,420mAh ဖြစ်သည်။ 3G နှင့် 4G အမျိုးအစားများဖြင့် ရရှိနိုင်ပြီး Bluetooth v4.0, Wi-Fi 802.11 b/g/n နှင့် GPS တို့ကို ထောက်ပံ့ပေးထားသည်။

Oppo Neo 7 ကို အောက်တိုဘာ ၂၈ ရက်တွင် အိန္ဒိယနိုင်ငံတွင် စတင်ရောင်းချမည် ဖြစ်ပြီး ထို့နောက်တွင် အရှေ့တောင်အာရှ၊ တောင်အာရှ၊ အရှေ့အလယ်ပိုင်၊ မြောက်အာဖရိကနှင့် မက္ကဆီကိုတို့၌ ရောင်းချမည် ဖြစ်သည်။

Ref: GSMArena