Chevening Scholarship ကို နိုဝင်ဘာ ၃ ရက် နောက်ဆုံး လျှောက်ထားရမည်

British-Chevening-Scholarships-for-International-Students_SMT_www.youthop.com_News_2015Oct23.jpg

ယူနိုက်တက်ကင်းဒန်း (UK) ၌ မာစတာတန်းကို တစ်နှစ်တက် ရောက်လိုသူများအတွက် ပေးအပ်လျက် ရှိသော ပညာသင် ထောက်ပံ့ကြေးဖြစ်သည့် Chevening Scholarship ကို နှစ်စဉ်ပေးအပ်လျက် ရှိပြီး ၂၀၁၆/၂၀၁၇ ခုနှစ် အတွက် လျှောက်လွှာကို ယခုနှစ် သြဂုတ်လ ၃ ရက်က စတင် လျှောက်ထား ခွင့်ပြုခဲ့ကာ လျှောက်လွှာ ပိတ်ရက်ကို ယခုနှစ် နိုဝင်ဘာလ ၃ ရက်တွင်ပိတ်သွားမည်ဟု ကြေညာထားသည်။

အဆိုပါ စကောလားရှစ် လျှောက်ထားသူသည် ယူနိုက်တက် ကင်းဒန်း (UK) ရှိ မည်သည့် တက္ကသိုလ်၌ မဆို တက်ရောက်နိုင်ပြီး ပညာသင်ကြားသူ အတွက် လုံလောက်သောပမာဏအထိ ငွေကြေး ထောက်ပံ့ပေးမည်ဖြစ်သည်။ မြန်မာနိုင်ငံသားလျှောက်ထားသူမှာ မည်သည့် ဘာသာရပ်အတွက်ကို မဆို လျှောက်ထားနိုင်မည် ဖြစ်သည်။ သို့သော် Conflict resolution and prevention, Deve-lopment studies, Economics, Finance, Human rights law, International relations, Law, Political science Politics အတွက် လျှောက်ထားမည်ဆိုပါက စကောလားရှစ် ရရှိရန် ပိုမိုလွယ်ကူမည် ဖြစ်ကြောင်းသိရသည်။

စကောလားရှစ်ကို နှစ်စဉ် ပေးအပ်လျက်ရှိပြီး www.chevening.org တွင် အသေးစိတ် လေ့လာနိုင်မည်ဖြစ်သည်။ လျှောက်လွှာကို www.chevening.org/apply တွင် လျှောက်ထားနိုင်သည်။