သီတင်းကျွတ်မှာ လက်ဆောင်ပေးချင်စရာ Gadget ပစ္စည်းများ

IJ-Plus_16-41-1.jpg

လက်ဆောင်ပေးတဲ့ ယဉ်ကျေးမှုက ဘယ်တုန်းက စတယ်ဆိုတာတော့ မသိပါဘူး။ လက်ဆောင်ပေးတယ်ဆိုတဲ့ နေရာမှာ အမှတ်တရဆိုတာကိုပါ ထည့်ပြောမှ ပြည့်စုံမှာပါ။ မြန်မာ့ ယဉ်ကျေးမှုအရ ခင်မင်တဲ့သူတွေအတွက် သတိတရ ဒါမှမဟုတ် အမှတ်တရအဖြစ် ပေးတဲ့ ပစ္စည်းကို လက်ဆောင်လို့ သတ်မှတ်ကြပါတယ်။ လက်ဆောင်က တန်ဖိုးနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ရရှိတဲ့သူတွေအဖို့ ပျော်ရွှင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ကြည်နှုးမှုကို ခံစား ရရှိစေပါတယ်။ ဒီနှစ် သီတင်းကျွတ် ကာလအတွက် Gadget တွေကို နှစ်သက်သူတွေ သဘောကျနိုင်မယ့် အရာလေးတွေကို ထုတ်နုတ်တင်ပြပေးလိုက်ပါတယ်။

Digital LED Color Watch

Price- 2000 Kyats

လူကြီး လူငယ်မရွေး  မှန်ကန် တိကျစေရန်နှင့် အချိန်ကို နေ့၊ ည မရွေး   သိရှိနိုင်စေရန်  ဝတ်ဆင်နိုင်မည့် Digital  LED Watch ဖြစ်သည်။ ရောက်ရှိနေသော အချိန်ကို  LED မီးသီးလေးများမှ တစ်ဆင့်  Digital ကိန်းဂဏန်းဖြင့် ဖော်ပြပေးမည် ဖြစ်ပြီး နေ့ဘက်မှာ သာမက အလင်းရောင် မရှိနိုင်သော နေရာ (သို့ ) ည ဘက်လို အချိန်မျိုးတွင်လည်း အသုံးပြုရ အဆင်ပြေစေနိုင်မည် ဖြစ်သည်။ အချိန် အပြင်၊ ရက်၊ လ၊ ခုနှစ်များကိုပါ ပြသပေးမည် ဖြစ်သည်။ လူကြီးများ အနေဖြင့် ရိုးရှင်းစွာ ဝတ်ဆင်နိုင်ပြီး လူငယ်များ အနေဖြင့်လည်း လက်ပတ်တစ်ခုလို ဖန်စီစီကျကျဖြင့် ဝတ်ဆင်ထားနိုင်မည် ဖြစ်သည်။  နှစ်သက်ရာ အရောင်ကို ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။      

ဖုန်း – ၀၁-၂၅၂၆၂၇

 

Instax Share Smartphone Printer

Price- 175,000 ks

စမတ်ဖုန်းနှင့် Tablet များမှ ဓာတ်ပုံများကို အလွယ်တကူ ချက်ချင်းထုတ်ယူနိုင်သော FUJIFILM အမှတ်တံဆိပ် SP-1 မော်ဒယ် Instax Share Smartphone Printer ဖြစ်သည်။ စမတ်ဖုန်း နှင့် Tablet ရှိ ဓာတ်ပုံများကို Wireless ဖြင့်  အလွယ်တကူ ချိတ်ကာ ချက်ချင်း ထုတ်ယူနိုင်ရန် အတွက် ယခု Printer မှ လုပ်ဆောင်ပေးမည်ဖြစ်သည်။ အင်တာနက်မှတစ်ဆင့် download ရယူနိုင်သော application အား အသုံးပြု၍ စမတ်ဖုန်းရှိ ဓာတ်ပုံများအား instax SHARE Smartphone Printer SP-1 သို့ ပေးပို့၍ မည်သည့်နေရာတွင် မဆို ရိုးရှင်းလွယ်ကူစွာ ထုတ်ယူနိုင်ပါသည်။ Application တွင် ဓာတ်ပုံအား  အကြီးချဲ့ခြင်း၊ အကျဉ်းချုံ့ခြင်း၊ အလင်းအမှိန် ချိန်ညှိခြင်း  စသည့် နည်းပညာများ ပါဝင်ပါသေးသည်။ ထို့ပြင် ဓာတ်ပုံ template အမျိုးမျိုး အစားစားကို  ရွေးချယ် နိုင်မည်ဖြစ်သည့် အတွက် အသုံးပြုသူများ သဘောကျနှစ်သက်စေမည်ဖြစ်သည်။ ဓာတ်ပုံ ရိုက်ယူသည့် အချိန်၊ နာရီ၊ နေရာ၊ ရာသီဥတု၊ အပူချိန် အချက်အလက်များကို ဓာတ်ပုံပေါ်တွင် ဖော်ပြသော Real Time Template အား အသုံးပြုနိုင်သည့် ပထမဦးဆုံးနှင့် တစ်မျိုးတည်းသော Smartphone Printer ဖြစ်သည်။ SNS Template အသုံးပြုပါက ဓာတ်ပုံထုတ်လုပ်သူ၏ Social Network များမှ Profile Picture နှင့် Like အရေအတွက်များကိုပင် ထည့်သွင်းကာ ထုတ်ယူနိုင်မည် ဖြစ်ပါသည်။

ဖုန်း- ၀၁- ၂၄၅၁၈၀၊ ၃၈၅၁၇၇

Portable Mini Speaker

Price- 12,500 KS

Mobile Phone, tablet, laptop များနှင့် တွဲဖက်ပြီးအသုံးပြုနိုင်သော T-2095A မော်ဒယ် portable  Mini Speaker တစ်မျိုး ဖြစ်သည်။ ချစ်စဖွယ် ဒီဇိုင်းပုံစံ ဖြစ်ပြီး အမြင်တစ်မျိုး ဆန်းစေနိုင်သလို မိမိ၏ အိမ်ခန်း၊ ရုံးခန်းများတွင်   အသုံးပြုရန် အဆင်ပြေစေနိုင်မည် ဖြစ်သည်။ DC 5V power ပေး၍ အသုံးပြုရမည်ဖြစ်သည်။ အသံထွက်အနေဖြင့်လည်း ကြည်လင် ပြတ်သားသည့် အသံကို ခံစားနားဆင်နိုင်မည် ဖြစ်သည်။ အလွယ်တကူ သီချင်း နားဆင်လိုသူများ အနေဖြင့်လည်း TF Card ထည့်သွင်း၍လည်း အသုံးပြုနိုင်မည်ဖြစ်သလို Bluetooth ချိတ်ဆက်၍လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ အလွယ်တကူ သယ်ဆောင်သွားနိုင်သော Speaker ဖြစ်သလို နေရာစားလည်း သက်သာစေနိုင်မည် ဖြစ်သည်။

ဖုန်း- ၀၁-၃၈၂၈၆၈

FUJIFILM WIDE 300 instant Camera

Price- 139,000KS

Fujifilm instax WIDE 300 ကင်မရာအသစ်အနေဖြင့် သာမန် instax ကင်မရာများထက် ၂ ဆနီးပါး အရွယ်ပိုမိုကြီးမား၍ အဖွဲ့ လိုက် ဓာတ်ပုံများ ရိုက်ကူးရန် အတွက် အထူးသင့်လျော်သည်။ ပါတီနှင့် အထိမ်းအမှတ်ပွဲများ၊ သဘာဝရှုခင်းများအား မှတ်တမ်းတင်ရန်အတွက် အထူးသင့်လျော်သလို စီးပွားရေးအတွက် ဓာတ်ပုံမှတ်တမ်းတင်ရာတွင်လည်း အသုံးဝင်သည်။ အသုံးပြုသူများအား လွယ်ကူရိုးရှင်း၍ အဆင့်မြင့်သော ဓာတ်ပုံရိုက်ကူးခြင်းများကို လုပ်ဆောင်နိုင်ရန်အတွက် ပိုမိုကောင်းမွန်သော ဓာတ်ပုံချိန်ညှိခြင်းများ၊ သဘာဝအတိုင်း အရောင်အသွေးများ ပေါ်လွင်စေ သော ရိုက်ကူးခြင်းများပါဝင်ပြီး ကင်မရာကိုယ်ထည် အချိုးအစား စသည်တို့အား Professional ကင်မရာတစ်လုံးကဲ့သို့ အရည်အသွေးများ ပိုမိုကောင်းမွန်အောင် ထုတ်လုပ်ထားသည်။ ထင်ပေါ်သော အရည်အသွေးများ အနေဖြင့် ပြင်ပအလင်းရောင်ပေါ် မူတည်၍ အလင်းအမှိန် လိုအပ်သလို အလိုအလျောက် အသုံးပြုပေးသော Flash မီးစနစ်၊ နောက်ခံ အလင်းရောင် များပြားသော အရာဝတ္ထုများကို ရိုက်ကူးရာတွင် ဓာတ်ပုံအရည်အသွေး ကောင်းမွန်စေရန်အတွက် ချိန်ညှိနိုင်မည့် Fill-in Flash စနစ်များ၊ ၄၀-၅၀ စင်တီမီတာ အတွင်းရှိ အရာဝတ္ထုများကို အရည်သွေးမြင့် အကြီးချဲ့ရိုက်ကူးနိုင်သော Close-up lens adapter များ ပါဝင်သည်။

ဖုန်း- ၀၁- ၂၄၅၁၈၀၊ ၃၈၅၁၇၇

Brust Edition Gaming Keyboard

Price- 22,000 KS

လူငယ်များအတွက် ဒီဇိုင်းပိုင်း လှပပြီးသေသပ်ကာ Keyboard တစ်ခုလုံးမီးများလင်းနေမည့် Brust  Edition Gaming Keyboard ဖြစ်သည်။ ညဘက် ဂိမ်းဆော့သည့် အခါမျိုးနှင့် စတိုင်ကျကျ ကစားလိုသူများအတွက် အဆင်ပြေစေမည်ဖြစ်ပြီး  Keyboard မှ  မီးအရောင်များမှာ သုံးရောင် ပြောင်းလဲ အသုံးပြု နိုင်မည်ဖြစ်ပြီး Design အနေဖြင့် နှစ်မျိုးရရှိမည် ဖြစ်သည်။

ဖုန်း-၀၉ ၉၇၆၅၁၆၇၇၇

IR LED Wireless Mouse

Price- 10,000 KS

ELECOM အမှတ်တံဆိပ် M-IR06DR မော်ဒယ် IR LED Wireless Mouse တစ်မျိုး  ဖြစ်သည်။ Wireless Mouse တွင် Power အသုံးပြုမှုနည်းပါသော Infrared LED စနစ်ကို အသုံးပြုထားသောကြောင့် သာမန်အတိုင်း အသုံးပြုမည်ဆိုပါက Original ပါဝင်သော Battery သည် (1041) ရက်မျှ အသုံး ပြုနိုင် မည်ဖြစ်ပြီး၊ ဆက်တိုက် အသုံးပြုမည် ဆိုပါက (266) နာရီနီးပါးမျှ အသုံးခံနိုင်မည် ဖြစ်သည်။ M ပုံစံဒီဇိုင်းဖြင့် ထုတ်လုပ်ထားပြီး လှပသေသပ်ကာ အသုံးခံ အကြမ်းခံနိုင်မည် ဖြစ်သည်။ Wireless mouse အောက်ခြေတွင် Power on/off ခလုတ်၊ Computer ဖြင့် ချိတ်ဆက်အသုံးပြုမည့် Adopt micro receiver ပါရှိသည်။ Rated voltage မှာ (1.5V)၊ mouse speed (2.4 GHZ) ကြိမ်နှုန်းနှင့်အတူ ၃ မီတာမှ ၁၀ မီတာ အကွာအဝေးအတွင်း မည့်သည့် မျက်နှာပြင်ပေါ်တွင် မဆိုလွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ အရောင်အနေဖြင့် အဖြူ၊ အနီ၊ အပြာ၊ အနက်၊ အစိမ်းနှင့် ပန်းရောင်ဟူ၍  အရောင် (၆) မျိုး ရရှိနိုင်သည်။

ဖုန်း- ၀၁-၂၂၇၅၉၃၊ ၀၉- ၃၂၁၄၂၅၂၈

Universal 3 in 1 Photo Clip Lens

Price- 9,300 ks

နှစ်သက်စရာ ဒီဇိုင်းပုံစံမျိုး စုံနှင့် ပုံရိပ်ဆန်းများကို စိတ်ကြိုက် မှတ်တမ်း ဓာတ်ပုံရိုက်ယူနိုင်မည့် Universal 3 in 1 photo Clip lens ဖြစ်သည်။ Super wide, fish  Eye, Macro Lens  စသည်တို့ လိုချင်သောပုံစံ ရယူနိုင်ရန်အတွက် ကူညီပေးနိုင်မည် ဖြစ်သည်။ Super weid 0.65 X ဖြင့် သုံးနိုင်ပြီး Fish eye ကို 180ံ view အပြည့်ဖြင့် လှပသောပုံရိပ်များကို ရိုက်ယူနိုင်မည်ဖြစ်ကာ အနုစိတ် အသေးစိတ်အရာများအတွက် 10x micro lens က မှတ်တမ်းပြု ပေးမည်ဖြစ်သည်။ Universal ဖြစ်သောကြောင့် Phone, tablet, iPhone, iPad  အားလုံးနှင့် အလွယ်တကူချိတ်ပြီး အသုံးပြုနိုင်မည် ဖြစ်သည်။ Lens ကို ထည့်သွင်းသိမ်းဆည်း ထားနိုင်ရန်  bag  လည်း တွဲရက်ပါဝင်သည်။ အပျော်တမ်း အသုံးပြုချင်သူများနှင့် လုပ်ငန်းများတွင် မှတ်တမ်းတင်နိုင်ရန် လိုအပ်သောအခါမျိုးတွေလည်း lens ကို အသုံးပြုနိုင်သည်။       

ဖုန်း- ၀၁-၂၅၂၆၂၇

LED Lamp with Solar Power Bank

Price- 10,000 ks

LED မီးအိမ်နှင့် Solar Power Bank တွဲရက် ပါဝင်သော LED Lamp with Solar Power Bank ဖြစ်သည်။  အားသိုလှောင်သိမ်းဆည်းမှု ပမာဏအနေဖြင့် 10400 mAh ကို အထောက်အပံ့  ပေးထားသည်။ မီးပျက်လျှင် Lamp အနေနှင့် သာမက Phone Power Bank အနေဖြင့်ပါ အသုံးပြုနိုင်မည် ဖြစ်သည်။ ခရီးထွက်ရင်း အားသွင်းရန် အဆင်မပြေပါကလည်း Solar ပါဝင်သည့်အတွက် အလင်းရှိမည့်နေရာမှာ ထားထားပါက auto အားပြန်ဖြည့်ပေးမည် ဖြစ်သည်။ မီးမရှိသည့် နေရာများတွင်လည်း အလွယ်တကူ အသုံးပြုနိုင်မည် ဖြစ်သည်။

ဖုန်း- ၀၉-၇၈၅၀၅၃၇၈၉၊ ၀၉-၅၀၅၃၇၈၉

LED Binary Watch

Price- 6900 KS

အချိန်ကို သိရှိနိုင်ရန်အတွက် ပုံမှန်ကိန်းဂဏန်းများ၊ လက်တံများဖြင့် ကြည့်ရူရသည်ကို ရိုးအီနေသူများအတွက် အမြင်တစ်မျိုး ဆန်းသစ်စွာဖြင့် အသုံးပြုနိုင်မည့် JG-8513 မော်ဒယ် LED Binary  Watch တစ်မျိုး ဝင်ရောက်လာကြောင်း သိရသည်။ ရောက်ရှိနေသော အချိန်ကို Binary နည်းပညာ အရ နှစ်ခုအစုံ ပေါင်းပြီး သိရှိနိုင်မည် ဖြစ်သည်။  ခလုတ် တစ်ချက်နှိပ်ရုံဖြင့် LED များဖြင့် ပြသပေးမည်ဖြစ်ပြီး နေညအချိန်မရွေး ကြည့်ရှုနိုင်မည် ဖြစ်သည်။ ကလေးများ အတွက်လည်း  နာရီတစ်လုံး အနေဖြင့်သာမက binary အားဖြင့် တွက်ချက်သိရမှာ ဖြစ်သောကြောင့် ဥာဏ်ရည်ဥာဏ်သွေး ကောင်းမွန် သွက်လက်စေမည် ဖြစ်သည်။ လှပသော အရောင်မျိုးစုံရှိပြီး နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

ဖုန်း- ၀၁-၂၅၂၆၂၇

HD Mini Home Projector

Price- 120,000 ks

သီတင်းကျွတ်ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်များတွင် မိမိအိမ်တွင် Projector ဖြင့် ရုပ်ရှင် ကြည့်လိုသည့် မိသားစုများအတွက် HD Mini Home Projector ဖြစ်သည်။ Computer, Laptop များဖြင့်  ချိတ်ဆက်ရန် VGA Port ပါဝင်ပြီး ရုပ်ရှင်ကြည့်ရန်အတွက် Audio ပေါက်ဝင်သလို Build in Speaker လည်း ပါဝင်သည်။ USB ပေါက်ဝင်သည့် အတွက် Stick ဖြင့် ချိတ်ဆက် အသုံးပြုနိုင်သလို Hard Disk Device များကိုလည်း အထောက်အပံ့ပေးနိုင်ပြီး ရုပ်ရှင်ဖိုင်အပြင် 3GP, MP4, AVI စသည့် ဖိုင်များလည်း ကြည့်ရှုနိုင်သည်။ Resolution 800 x 480  ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်ကာ Lense သက်တမ်းနာရီ ၅၀၀၀ အထိ ကြည့်ရှုနိုင်မည် ဖြစ်သည်။

ဖုန်း – ၀၉ ၅၁၁၄၁၇၀

Skull Power Bank

Price- 24,000 ks

အသွင်ဒီဇိုင်း ဆန်းဆန်းဖြင့် အသုံးပြုလိုသည့် လူငယ်များနှင့် သီတင်းကျွတ် အပြန်အလှန် လက်ဆောင်ပေးလိုသူများအတွက် ဖြစ်သည်။ Android နှင့် အသုံးပြုနိုင် သကဲ့သို့ iPhone ဖြင့်လည်း တွဲဖက်ကာ အသုံးပြုနိုင်ပြီး Battery သိုလှောင်မှုအတွက် 8800 mAh ပါဝင်သည့် အတွက် မိမိဖုန်းအား နှစ်ခါအပြည့် အားသွင်းနိုင်မည် ဖြစ်သည်။  အားသွင်းပြီးပါက အသုံးမလိုသော အချိန်တွင် အားသွင်းကြိုးအား လက်ပတ်တစ်ခု သဖွယ် ပတ်ထားနိုင်သည်။ အရောင် အနေဖြင့် ပန်းရောင်နှင့် အမည်းရောင်ကို ရွေးချယ်နိုင်မည် ဖြစ်သည်။ 

ဖုန်း – ၀၉ ၉၇၆၅၁၆၇၇၇

Cosonic Gaming Headset

Price- 18,000 ks

သီတင်းကျွတ်ချိန်အတွင်း ချစ်ရသည့် သူငယ်ချင်းများနှင့် Gamer များအတွက် Cosonic Gaming Headset ဖြစ်သည်။ Headset အား ကွန်ပျူတာ USB ကြိုးဖြင့် တပ်ဆင်လိုက်ပါက အသွင်တမူ ထူးခြားကာ ဘေးနှစ်ဖက်မှ  မီးများလင်းလာပြီး စတိုင်ကျလှပသေသပ်ပြီး အလွယ်တကူကွေးနိုင်၊ ဆန့်နိုင်ကာ နားအား နာကျင်ခြင်း မရှိစွာဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ အရောင်အနေဖြင့် Dark Blue, White Blue, White Red စသည့် အရောင်သုံးရောင် ရရှိနိုင်သည်။

ဖုန်း – ၀၉ ၉၇၆၅၁၆၇၇၇

Sades Gaming Mouse

Price- 30,000 ks

Gamer များအတွက် အထူးထုတ်လုပ်ထားပြီး Counter Strike, Dota, Dota2  စသည့် ဂိမ်းများအတွက် ဆော့ကစားနိုင်သည့် Sades Gaming Mouse ဖြစ်သည်။ ဂိမ်းဆော့ ကစားရာတွင် လွယ်ကူလျင်မြန်သည့် Back Click, Forward Click လေးများ ပါဝင်ကာ မီးရောင်စုံလင်းနေမည်ဖြစ်ပြီး မီးရောင်စုံဒီဇိုင်း ၆ ရောင် ပါဝင်ကာ Mouse Point ကို အနှေး၊ အမြန် ချိန်ဆနိုင်သည့် DPI Click ပါဝင်သည်။ အရောင်နှစ်မျိုး ရရှိနိုင်သည်။ 

ဖုန်း – ၀၉ ၉၇၆၅၁၆၇၇၇

Bluetooth Portablet Speaker

Price- 6,500 ks

Bluetooth  ပါဝင်သော မည်သည့် device နှင့်မဆို  Bluetooth ချိတ်ဆက်ပြီး အသုံးပြုနိုင်မည် ဖြစ်သည်။ Build in Mic ပါဝင်သောကြောင့် သီချင်းနားထောင်ခြင်း သာမက phone ဖြင့် ချိတ်ထားပါက ဖုန်းပါပြန်လည် ပြောဆိုနိုင်မည် ဖြစ်သည်။ Memory card အနေဖြင့် TF, micro SD card  များကို ထပ်မံ စိုက်သွင်း၍လည်း အသုံးပြုနိုင်သည်။ Aux Universal 3.5mm Audio Jack ဖြင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။ Play, pause,next, prev, vol-, vol+ စသည့် key များလည်း အသုံးပြုရ လွယ်ကူစေမည် ဖြစ်သည်။ Rechargable LI-ON battery   built In ပါ ရှိသည်။ 

ဖုန်း- ၀၁-၂၅၂၆၂၇