Tablet ရောင်းချမှုထက် ကွန်ပျူတာ ရောင်းချမှုနှုန်း ပိုမိုကျဆင်းခဲ့

tablet-finish.jpg

Tablet သုံးစွဲသူများသည် ၎င်းတို့၏ ထုတ်ကုန်များကို မျှော်မှန်းထားသည်ထက် အဆင့်မြှင့်တင် သုံးစွဲခြင်း မရှိသောကြောင့် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ tablet တင်ပို့ရောင်းချမှု ကျဆင်းခဲ့သည်။ သို့သော်လည်း  ကွန်ပျူတာ ရောင်းချမှုနှုန်းသည် Tablet ရောင်းချမှုနှုန်းထက် ပိုမို၍ကျဆင်းနေကြောင်း သိရသည်။

Tablet ကွန်ပျူတာများ ထုတ်လုပ်သူများသည် ကမ္ဘာတစ်ဝန်းတွင် ၎င်းတို့၏ထုတ်ကုန် ရောင်းအားတိုးတက်မှု ရှိစေရန် ကြိုးပမ်းနေပြီး ကွန်ပျူတာ ထုတ်လုပ်သူများထက် အနည်းငယ်သာ နစ်နာခဲ့သည်။ Tablet ကွန်ပျူတာ တင်ပို့ရောင်းချမှုသည် ၂၀၁၃ ခုနှစ်တွင် ရောင်းအား ၅၂.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၂၀၁၄ ခုနှစ်တွင် ၇.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သုတေသန International Data Corp မှဖော်ပြခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်

tablet ကွန်ပျူတာ ရောင်းအားကျဆင်းရခြင်း အကြောင်းများစွာ အနက်မှ အဓိကတစ်ချက်မှာ Apple ၏ iPad tablet တင်ပို့ရောင်းချမှု ကျဆင်းသည့် ပထမဆုံးနှစ် ဖြစ်လာမည်ဖြစ်သည်။ ထိုအချိန်မှာပင် ယခုနှစ်အတွင်း ကွန်ပျူတာ တင်ပို့ရောင်းချမှု ၂.၇ ရာခိုင်နှုန်းသာ ကျဆင်းသွားမည်ဖြစ်ပြီး သုတေသီများ ၂၀၁၃  ခုနှစ်တွင် ကွန်ပျူတာ ရောင်းအား ၃.၇ ရာခိုင်နှုန်း ကျဆင်းနိုင်သည့် ခန့်မှန်းချက်ဖြင့်  IDC မှနှိုင်းယှဉ် တင်ပြသွားခဲ့သည်။ Tablet ကွန်ပျူတာများ ရောင်းအားနှေးကွေးသွားခြင်းသည် သုံးစွဲသူများ ၎င်းတို့၏ ထုတ်ကုန်များကို မျှော်မှန်းထားသလောက် လဲလှယ်အစားထိုး အသုံးပြုခြင်း မရှိသောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Tablet ဈေးကွက် အစောပိုင်း အဆင့်များတွင် ထုတ်ကုန်စီးဆင်းမှုသည် စမတ်ဖုန်းများ ရောင်းချနိုင်သကဲ့သို့ပင် နှစ်နှစ်၊ သုံးနှစ်ပြည့်တိုင်း ထုတ်ကုန်သစ် အစားထိုး အသုံးပြုမည်ဟု မျှော်လင့်ထားကြကြောင်း IDC ကုမ္ပဏီ၏ ပရိုဂရမ် ဒါရိုက်တာ တစ်ဦးဖြစ်သူ ရိုင်ယန်ရိုက်က ပြောကြားခဲ့သည်။

-စိုးထက်

Ref : CNET