Android ဖုန်းများဖြင့် Gif ဖိုင်များပြုလုပ်ခြင်း

12_TKK_Screenshot_User-Guide_23Oct2015.jpg

Android ဖုန်းများဖြင့် Gif ဖိုင် တွေပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ် ပါတယ်။ Gif ဖိုင်ဆိုတာကတော့ လှုပ်ရှားမှု အနည်းငယ်မျှ ရှိနေတဲ့ ဓာတ်ပုံဖိုင် အမျိုးအစားတွေကို ဆိုလိုပါတယ်။ ဒီလို Gif ဖိုင်တွေကို ကိုယ့်ဖုန်းထဲမှာ ရှိနေတဲ့ ဓာတ်ပုံတွေထဲကနေ စုစည်းပြီး ပြုလုပ်နိုင်သလို Gif ဖိုင်စနစ် မပါဝင်တဲ့ ဖုန်းတွေအတွက် ဆိုရင်လည်း ဓာတ်ပုံစတင် ရိုက်ကူးချိန်မှာကတည်းက Gif အနေနဲ့ ရိုက်ကူးနိုင်မဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီလိုပြုလုပ်နိုင်ဖို့အတွက် ဆော့ဖ်ဝဲကို အသုံးပြုမှာ ဖြစ်ပါတယ်။ အသုံးပြုမဲ့ ဆော့ဖ်ဝဲကတော့ Gif Maker ဆိုတဲ့ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုး ရှိပါတယ်။

ဆော့ဖ်ဝဲကို ဖွင့်လိုက်မယ်ဆိုရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒီနေရာမှာ အသုံးပြုနိုင်မယ့် စနစ် ၅ မျိုး ရှိနေပါတယ်။ Shooting Gif, Make Gif, My Album, Make Collage, SUMZZAL ဆိုတဲ့

စနစ်တွေပဲ ဖြစ်ပါတယ်။ Shooting Gif ဆိုတာကတော့ ကိုယ့်ဖုန်းရဲ့ ကင်မရာကနေ Gif ဖိုင်အနေနဲ့ တစ်ခါတည်း ရိုက်နိုင်မယ့် စနစ်ဖြစ်ပြီး Make Gif ဆိုတာကတော့ ကိုယ့်ရဲ့ဖုန်းထဲမှာ ရှိပြီးသား ဓာတ်ပုံတွေထဲကနေ ရွေးချယ်ပြီး Gif ဖိုင်အနေနဲ့ ပြုလုပ်နိုင်မဲ့ စနစ်ဖြစ်ပါတယ်။ My  Album ဆိုတာကတော့ ကိုယ်ပြုလုပ်ထားတဲ့ Gif ဖိုင်တွေကို စုစည်းဖော်ပြ ပေးထားနိုင်မယ့် နေရာဖြစ်ပါတယ်။ Make Collage ကတော့ ဓာတ်ပုံတွေကို စုစည်းပြီး Collage ပြုလုပ်နိုင်တဲ့ နေရာပါ။

ပထမဆုံးအနေနဲ့ အပေါ်ဆုံးမှာရှိနေတဲ့ Shooting Gif ဆိုတာကို နှိပ်လိုက်ပါမယ်။ ဒါဆိုခုလိုမျိုး မြင်ရပါလိမ့်မယ်။

မြင်တွေ့ရတာကတော့ ကင်မရာပွင့်နေတဲ့ ပုံစံဖြစ်ပြီး ဒီကင်မရာ စနစ်ထဲမှာ အသုံးပြုနိုင်မယ့် ပုံစံ ၅ မျိုး ရှိနေပါသေးတယ်။ အပေါ်ဆုံး ဘားတန်းထဲက စနစ်သုံးခုကို အရင်ဆုံးကြည့်ကြပါမယ်။

ဘယ်ဘက်က ပထမဆုံးစနစ်ဖြစ်တဲ့ M ဆိုတဲ့သင်္ကေတကို နှိပ်လိုက်ရင် ခုလိုမြင်ရပါလိမ့်မယ်။

ဒါကတော့ ကိုယ့်ရဲ့ Gif ဖိုင် Resolution ကို ဘယ်လောက် ယူမလဲဆိုတာကို ရွေးချယ်နိုင်တဲ့နေရာ ပါ။ ဒုတိယစနစ်ဖြစ်တဲ့ ကင်မရာလှည့်တဲ့ စနစ်ကတော့ Gif ဖိုင်ကို ရှေ့ကင်မရာ နောက်ကင်မရာနှစ် မျိုးလုံးကို အသုံးပြုနိုင်မယ့် စနစ်ပါ။ တတိယ စနစ်ကတော့ ကင်မရာ Flash ကို ဖွင့်ပိတ် ပြုလုပ်နိုင်တဲ့ စနစ်ပါ။ ဒါကအပေါ်ဘက်က စနစ် ၃ ခုဖြစ်ပြီး အောက်ဘက်မှာ ၂ ခု ရှိနေပါသေးတယ်။ အောက်ဘက်က နှစ်ခုကို ဆက်လက်လေ့လာ ကြည့်ကြပါမယ်။

အောက်ဘက်ကစနစ် ၂ ခုမှာတော့ ဘယ်ဘက်က စက္ကူခေါက်ထားတဲ့ လေးထောင့်သင်္ကေတကို အရင်ဆုံးနှိပ်လိုက်ရင် ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။

ဒါကတော့ကိုယ်က Gif ဖိုင်ကို ပြုလုပ်တဲ့နေရာမှာ ဓာတ်ပုံဖိုင်အရေအတွက် ဘယ်လောက်ထိ ပါဝင်တဲ့ဖိုင်နဲ့ ပြုလုပ်မလဲ ဆိုတာကို ရွေးချယ်သတ်မှတ်နိုင်တဲ့ နေရာဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ ဖရိန် ၁၀ ခုကနေစပြီး ၅၀ ထိ ရွေးချယ်ပြုလုပ် နိုင်ပါတယ်။

ဒုတိယ စနစ်ဖြစ်တဲ့ နာရီပုံစံ အဝိုင်းလေးကို နှိပ်လိုက်ရင် ခုလိုမျိုးမြင်ရ ပါလိမ့်မယ်။

ဒါကတော့ ကိုယ့်ရဲ့ Gif ဖိုင်ကို ဘယ်လောက်နှုန်းနဲ့ ပြုလုပ်မယ်ဆိုတာကို ရွေးချယ်နိုင်တဲ့ နေရာဖြစ်ပါတယ်။ Gif ဖိုင်ရဲ့ရွေ့လျားတဲ့နှုန်း အနှေးအမြန်ကို ချိန်ညှိတဲ့နေရာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ၅.၀ စက္ကန့်ကနေပြီး ၂၅.၀ စက္ကန့်ထိ ရွေးချယ် အသုံးပြုနိုင်ပါတယ်။ ဒါကတော့ ဆော့ဖ်ဝဲမှာပါဝင်တဲ့ ကင်မရာစနစ်နဲ့ Gif ဖိုင်တစ်ခုကို တိုက်ရိုက် ရိုက်ကူးနိုင်တဲ့ နည်းလမ်းပါ။

Make Gif ဆိုတာကို နှိပ်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ ကိုယ့်ရဲ့ဖုန်းထဲမှာ နဂိုရှိနေပြီးသား ဓာတ်ပုံတွေထဲကနေ စိတ်ကြိုက်ပုံတွေကို ရွေးချယ်ပြီး Gif ဖိုင်ပြုလုပ်နိုင်တဲ့ နေရာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ဖုန်းထဲမှာ ရှိနေတဲ့ ဓာတ်ပုံတွေ ရှိနေတဲ့နေရာကို ရောက်ရှိတာ ဖြစ်ပါတယ်။ ကိုယ့်စိတ်ကြိုက် ပုံတွေကို ရွေးချယ်လိုက်ပါ။ ပြီးရင်တော့ အပေါ်ထိပ်မှာ ရှိနေတဲ့အနီရောင် Gif ဖိုင်သင်္ကေတကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ Gif ဖိုင်ကို ပြုလုပ်ပေးလိုက်မှာဖြစ်ပြီး ပြုလုပ်ပြီးသွားတဲ့ အချိန်မှာ ခုလိုမျိုးဖော်ပြ ပေးနေပါလိမ့်မယ်။

အောက်ဘက်မှာ အသုံးပြုရမဲ့စနစ် ၃ ခုရှိနေပါတယ်။ ပထမစနစ်ကတော့ Home စနစ်က နဂိုနေရာကို ပြန်ရောက်တဲ့ စနစ်ပါ။ ဒုတိယ စနစ်ဖြစ်တဲ့ Gif Edit ကို နှိပ်လိုက်ရင် ခုလိုမြင်ရပါလိမ့်မယ်။

ဒါကတော့ Gif ဖိုင်ရဲ့မြန်နှုန်းကို ချိန်ညှိနိုင်သလို ပုံတွေများနေတယ်ဆိုရင်လည်း မလိုအပ်တဲ့ ပုံတွေကို ပြန်လည်ဖြုတ်နိုင်တဲ့ နေရာဖြစ်ပါတယ်။ အားလုံးစိတ်ကြိုက် လုပ်ဆောင်ချက်တွေ ပြီးစီးသွားပြီ ဆိုရင်တော့ အပေါ်ထိပ်မှာ ရှိနေတဲ့ OK ကိုနှိပ်လိုက်ရင် ဖိုင်ကို Save လုပ်ပေးသွား ပါလိမ့်မယ်။