4GB RAM ပါဝင်သော Android စမတ်ဖုန်း (၁၀) မျိုး

AT-Cover.jpg

2GB နှင့် 3GB RAM သည် mid-end နှင့် high-end Android စမတ်ဖုန်းများ၌ စံသတ်မှတ်ချက်တစ်ခု ဖြစ်လာချိန်တွင် 4GB RAM ပါဝင်သည့် စမတ်ဖုန်း အချို့ကိုလည်း ဈေးကွက်ထဲတွင် တွေ့မြင်လာရသည်။ 4GB RAM ပါဝင်သော စမတ်ဖုန်းများသည် တည်ငြိမ်ချောမွေ့သည့် စွမ်းဆောင်ရည်ကို ရရှိစေနိုင်ရုံသာမက အနာဂတ်တွင် system memory ပိုမိုလိုအပ်သည့် Android app များအတွက်ပါ အသင့်ဖြစ်စေသည်။

ထို့အတွက်ကြောင့် ဈေးကွက်ထဲသို့ ရောက်ရှိနေသည့် 4GB RAM ပါဝင်သော Android စမတ်ဖုန်း (၁၀) မျိုးကို ဖော်ပြလိုက်ပါသည်။

1. OnePlus 2

အိန္ဒိယတွင် ရူပီး ၂၄,၉၉၉ ဖြင့် ရောင်းချသည့် OnePlus 2 64GB အမျိုးအစားကို 4GB RAM ဖြင့် သုံးနိုင်သည်။ အဆိုပါ စမတ်ဖုန်းသည် mid-range စမတ်ဖုန်းတစ်လုံးအတွက် ထူးခြားဆန်းသစ်သော feature များဖြစ်သည့် fingerprint sensor နှင့် USB Type C တို့ပါဝင်သည်။

OnePlus 2 တွင် Full HD (1080x1920p) resolution နှင့် Gorilla Glass 4 ဖြင့် သုံးနိုင်မည့် ၅.၅ လက်မ IPS In-Cell display ပါဝင်ပြီး Android 5.1 (Lollipop) ကို အခြေခံထားသော ကုမ္ပဏီ၏ OxygenOS ကို အသုံးပြုထားသည်။ ပရိုဆက်ဆာက octa-core Snapdragon 810 ဖြစ်သည်။ သို့သော်လည်း သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်ရန်အတွက် microSD card အထောက်အပံ့ မပါဝင်ပေ။

ကျောဘက်တွင် dual-LED flash ဖြင့် ရိုက်ကူးနိုင်မည့် 13MP ကင်မရာ တပ်ဆင်ထားပြီး အရှေ့ဘက်ကင်မရာက 5MP ဖြစ်သည်။ အဆိုပါ 4G စမတ်ဖုန်း၏ ဘက်ထရီက 3,300mAh ဖြစ်သည်။

2. Asus Zenfone 2

ရူပီး ၁၇,၉၉၉ ဖြင့် ရောင်းချသည့် Asus Zenfone 2 16GB အမျိုးအစားတွင် Intel ၏ quad-core 1.8GHz Atom Z3560 ပရိုဆက်ဆာနှင့်အတူ 4GB RAM ပါဝင်သည်။ 32GB အမျိုးအစားတွင်လည်း 4GB RAM ပါဝင်ပြီး တန်ဖိုးက ရူပီး ၁၈,၉၉၉ ဖြစ်သည်။

Zenfone 2 ကို 2.3GHz Intel Atom Z3580 quad-core ပရိုဆက်ဆာဖြင့်လည်း ရရှိနိုင်ပြီး တန်ဖိုးက 32GB အတွက် ရူပီး ၁၉,၉၉၉၊ 64GB အတွက် ရူပီး ၂၂,၉၉၉ နှင့် 128GB အတွက် ရူပီး ၂၉,၉၉၉ ဖြစ်သည်။ အဆိုပါ အမျိုးအစားများတွင်လည်း 4GB RAM ကို အသုံးပြုထားသည်။

Zenfone 2 တွင် ၅.၅ လက်မ Full HD IPS display နှင့် Corning Gorilla Glass 3 ပါဝင်သည်။ Android 5.1 (Lollipop) ကို အခြေခံထားသည့် ZenUI ကို အသုံးပြုထားပြီး ကျောဘက်တွင် dual-LED flash နှင့် ရိုက်ကူးနိုင်မည့် 13MP ကင်မရာနှင့် အရှေ့ဘက်တွင် selfie ပုံများရိုက်ကူးနိုင်မည့် 5MP ကင်မရာ ပါဝင်သည်။ အဆိုပါ 4G စမတ်ဖုန်းကို အနက်ရောင်၊ ရွှေရောင်၊ မီးခိုးရောင်၊ အနီရောင်၊ အဖြူရောင်ဖြင့် ရရှိနိုင်သည်။ ဘက်ထရီက 3,000mAh ဖြစ်ပြီး 64GB အထိ သိမ်းဆည်းနိုင်မည့် microSD card အထောက်အပံ့ ပါဝင်သည်။

3. Samsung Galaxy Note 5

Samsung ၏ Galaxy Note 5 သည် 4GB RAM ပါဝင်သော top-end phablet တစ်ခုဖြစ်သည်။ ၎င်းကို 32GB အတွက် ရူပီး ၅၃,၉၀၀ နှင့် 64GB အတွက် ရူပီး ၅၉,၉၀၀ ဖြင့် ရရှိနိုင်သည်။

Galaxy Note 5 တွင် ၅.၇ လက်မ QHD (1440x2560p) Super AMOLED screen နှင့် S Pen stylus အထောက်အပံ့ ပါဝင်သည်။ Samsung ၏ 64-bit Exynos octa-core (2.1GHz quad-core + 1.5GHz quad-core) ပရိုဆက်ဆာနှင့် Android 5.1 (Lollipop) ကို အသုံးပြုထားသည်။ သို့ရာတွင် microSD card အထောက်အပံ့ မပါဝင်ပေ။

ကင်မရာအနေဖြင့် Optical Image Stabilization (OIS) ဖြင့် ရိုက်ကူးနိုင်သော 16MP ကျောဘက်ကင်မရာနှင့် 5MP front-facing ကင်မရာ ပါဝင်သည်။ ၎င်း 4G စမတ်ဖုန်း၏ ဘက်ထရီမှာ 3,000mAh ဖြစ်ပြီး ကြိုးဖြင့်ရော ကြိုးမဲ့စနစ်ဖြင့်ပါ လျင်မြန်စွာ အားသွင်းနိုင်သည့် အထောက်အပံ့ ပါဝင်သည်။

4. Asus Zenfone 2 Deluxe

ကျောဘက်ဒီဇိုင်းကို စိန်ပွင့်ပုံစံ ပုံဖော်ထားသည့် Asus Zenfone 2 Deluxe ကို 4GB RAM နှင့် 64GB သိုလှောင်မှုပမာဏဖြင့် ရရှိနိုင်သည်။ တန်ဖိုးမှာ ရူပီး ၂၂,၉၉၉ ဖြစ်သည်။

Zenfone 2 Deluxe တွင် quad-core Intel Atom Z3580 ပရိုဆက်ဆာအပြင် ၅.၅ လက်မ Full HD IPS diaply, Corning Gorilla Glass 3 နှင့် Android 5.0 (Lollipop) ကိုအခြေခံထားသော ZenUI ကို အသုံးပြုထားသည်။ 13MP ကျောဘက်ကင်မရာ၊ 5MP အရှေ့ဘက်ကင်မရာ၊ 3,000mAh ဘက်ထရီနှင့် 4G အထောက်အပံ့တို့ ပါဝင်သည်။ MicroSD card များမှတစ်ဆင့် 128GB အထိ တိုးမြှင့်သိမ်းဆည်းနိုင်သည်။

5. Samsung Galaxy S6 edge+

Display အနားနှစ်ဘက်ကို ကွေးညွှတ်ထားပြီး screen အရွယ်ကြီးမားသော Samsung Galaxy S6 Edge+ တွင် 4GB RAM နှင့် 32GB သိုလှောင်မှုပမာဏ ပါဝင်ပြီး တန်ဖိုးက ရူပီး ၅၇,၉၀၀ ဖြစ်သည်။

Galaxy S6 Edge+ တွင် အနားနှစ်ဘက်ကို ကွေးညွှတ်ထားသော ၅.၇ လက်မ Quad HD(2560x1440p) Super AMOLED display ပါဝင်သည်။ အဆိုပါ ကွေးညွှတ်ထားသော display သည် နှစ်သက်ရာ app များနှင့် ဆက်သွယ်မှုများကို ဖော်ပြပေးနိုင်သည်။ Android 5.1 (Lollipop) ကို အသုံးပြုထားပြီး ပရိုဆက်ဆာက Exynos octa-core (2.1GHz quad-core + 1.5GHz quad-core) ဖြစ်သည်။ သို့သော်လည်း microSD card slot မပါဝင်ပေ။

ကျောဘက်တွင် optical image stabilization ဖြင့် ရိုက်ကူးနိုင်မည့် 16MP ကင်မရာ ပါဝင်ပြီး အရှေ့ဘက်ကင်မရာက 5MP ဖြစ်သည်။ 3,000mAh ဘက်ထရီကို အသုံးပြုထားပြီး ကြိုးမဲ့စနစ်ဖြင့်ရော ကြိုးဖြင့်ပါ လျင်မြန်စွာ အားသွင်းနိုင်သည်။

6. Xiaomi Mi Note Pro

Xiaomi ၏ ထိပ်တန်းစမတ်ဖုန်းဖြစ်သော Mi Note Pro တွင် 4GB RAM ပါဝင်သည်။

၎င်းတွင် QHD (1440x2560p) resolution နှင့် 2.5D Gorilla Glass 3 ဖြင့် သုံးနိုင်မည့် ၅.၇ လက်မ display ကို အသုံးပြုထားသည်။ Android 5.0 (Lollipop) ကို အခြေခံထားသော MIUI 6 ကို အသုံးပြုထားပြီး ပရိုဆက်ဆာက octa-core Snapdragon 810 ဖြစ်သည်။ သိုလှောင်မှုပမာဏ 64GB ဖြစ်ပြီး microSD card အထောက်အပံ့ မပါဝင်ပေ။

ကျောဘက်တွင် dual-LED flash ဖြင့် ရိုက်နိုင်မည့် 13MP ကင်မရာ ပါဝင်ပြီး အရှေ့ဘက်ကင်မရာက 2-micron pixels ဖြစ်သည်။ 4G နှင့် dual SIM ဖြင့် အသုံးပြုနိုင်ပြီး ဘက်ထရီက 3,000mAh ဖြစ်သည်။

7. Lenovo K80

ယခုနှစ် ဧပြီလက ပွဲထုတ်မိတ်ဆက်ပေးခဲ့သော Lenovo K80 တွင် 4GB RAM နှင့် 4,000mAh ဘက်ထရီ ပါဝင်သည်။ ၎င်းကို တရုတ်နိုင်ငံတွင် ၂၉၀ ဒေါ်လာဝန်းကျင်ဖြင့် ရောင်းချလျက်ရှိသည်။

K80 စမတ်ဖုန်းတွင် ၅.၅ လက်မ Full HD (1080p) IPS screen နှင့် Intel Atom Z3560 quad-core 1.83GHz ပရိုဆက်ဆာကို အသုံးပြုထားသည်။ Android 5.0 (Lollipop) ဖြင့် သုံးနိုင်ပြီး သိုလှောင်မှုပမာဏက 64GB ဖြစ်သည်။ သို့ရာတွင် microSD card အထောက်အပံ့ မပါဝင်ပေ။

Lenovo K80 တွင် dual-LED flash ဖြင့် ရိုက်ကူးနိုင်မည့် 13MP ကျောဘက်ကင်မရာနှင့် selfie ဓာတ်ပုံများ ရိုက်ကူးနိုင်မည့် 5MP ရှေ့ဘက်ကင်မရာတို့ ပါဝင်သည်။ 4G စမတ်ဖုန်းဖြစ်ပြီး Dual-SIM ဖြင့် သုံးနိုင်သည်။

8. ZTE Nubia Z9 Elite

ZTE ၏ Nubia Z9 Elite တွင် ၅.၂ လက်မ display ပါဝင်ပြီး 4GB RAM ဖြင့် သုံးနိုင်သည်။ ၎င်းကို မေလက တရုတ်နှင့် အမေရိကန်တွင် ပွဲထုတ်မိတ်ဆက်ပေးခဲ့ပြီး တန်ဖိုးက ၅၆၄ ဒေါ်လာဖြစ်သည်။

Nubia Z9 Elite စမတ်ဖုန်းတွင် Full HD (1080x1920p) screen resolution နှင့် Android 5.0 (Lollipop) operating system ကို အသုံးပြုထားသည်။ ပရိုဆက်ဆာက octa-core Snapdragon 810 (1.5GHz quad-core + 2GHz quad-core) ဖြစ်သည်။ သိုလှောင်မှု ပမာဏက 64GB ဖြစ်ပြီး microSD card အထောက်အပံ့ မပါဝင်ပေ။

ကျောဘက်ကင်မရာက 16MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 8MP ဖြစ်သည်။ ဘက်ထရီက 2,900mAh ဖြစ်ပြီး 4G အထောက်အပံ့ ပါဝင်သည်။

9. Vertu Signature Touch

Vertu Signature Touch သည် 4GB RAM ပါဝင်သော တန်ဖိုးမြင့် စမတ်ဖုန်းတစ်ခုဖြစ်ပြီး ဈေးနှုန်းမှာ စတာလင်ပေါင် ၆,၅၀၀ မှ ၁၃,၇၀၀ အတွင်း ကျသင့်နိုင်သည်။

၎င်းတွင် ပဉ္စမမျိုးဆက် sapphire crystal screen ဖြင့် ကာကွဝ်ထားသော ၅.၂ လက်မ Full-HD (1920x1080p) LCD display ပါဝင်သည်။ Android 5.1 (Lollipop) ကို အသုံးပြုထားပြီး octa-core Snapdragon 810 ပရိုဆက်ဆာကို အသုံးပြုထားသည်။ သိုလှောင်မှုပမာဏ 64GB ဖြစ်ပြီး 64GB microSD card တစ်ခု ထောက်ပံ့ပေးထားသည်။ ကျောဘက်ကင်မရာက 21MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 2.1MP ဖြစ်သည်။ ဘက်ထရီက 3,160mAh ဖြစ်ပြီး Dolby Digital Plus စနစ် ထောက်ပံ့ပေးထားသော အသံအရည်အသွေးမြင့် 13x18mm စပီကာများ ပါဝင်သည်။

10. ZTE Axon Pro

4GB RAM ပါဝင်သော အခြား ZTE စမတ်ဖုန်းမှာ Axon Pro ဖြစ်သည်။

၎င်းတွင် Gorilla Glass 3 နှင့် ၅.၅ လက်မ QHD (1440x2560p) display ကို အသုံးပြုထားသည်။ Android 5.1.1 (Lollipop) ကို အသုံးပြုထားပြီး ပရိုဆက်ဆာက octa-core Snapdragon 810 (1.5GHz quad-core + 2GHz quad-core) ဖြစ်သည်။ သိုလှောင်မှုပမာဏ 32GB ဖြစ်ပြီး microSD card အထောက်အပံ့ မပါဝင်ပေ။

ကျောဘက်တွင် ကင်မရာနှစ်ခု ပါဝင်သည်။ တစ်ခုက 13MP ဖြစ်ပြီး ကျန်တစ်ခုက 2MP ဖြစ်သည်။ Selfie ကင်မရာက 8MP ဖြစ်သည်။ 4G စမတ်ဖုန်းဖြစ်ပြီး ဘက်ထရီက 3,000mAh ဖြစ်သည်။

Ref: TimesOfIndia