Lenovo Tab A10-70

TAB-2-A10_1-SH-techviral-2015oct20(2).jpg

အသေးစိတ်ဖော်ပြချက်

မျက်နှာပြင် အရွယ်အစား ၁၀ လက်မရှိ Lenovo Tab 2 A10-70 တွင် 1,920x 1,200 ရုပ်ထွက် အရည်အသွေးမြင့် display ပါဝင်ပြီး ဈေးနှုန်းလည်း သင့်တင့်သည်။ ထို့ကြောင့် ဗီဒီယိုကြည့်ရှုခြင်းကို ဝါသနာ ပါသူများအတွက် သင့်တော်သည်။ Lenovo Tab 2 A10-70 ၏ အနားစွန်းများသည် ပြန့်ပြူးသည်။ Tablet ၏ ဘယ်ဘက်နှင့် အောက်ဘက်တို့တွင် ပါဝါခလုတ်၊ အသံအတိုးအကျယ်အပြင် micro-USB port နှင့် microSD ကတ်ပေါက်တို့ကို နေရာချထားသည်။ Lenovo Tab 2 A10-70 ၏ထိပ်ဘက် အစွန်းတွင် headphone jack ပေါက်ပါဝင်သည်။ ၎င်း tablet ၏အလေးချိန်မှာ ၁.၁၀ ပေါင် (၄၉၉ ဂရမ်) ရှိသည်။

Lenovo Tab 2 A10-70 တွင် Android Lollipop 5.0.1 အသုံးပြုထားပြီး တစ်နေရာတည်းတွင် app များအားလုံး အလွယ်တကူ အသုံးပြုရန် app tray တစ်ခု ပါဝင်သည်။ Lenovo သည် SyncIT နှင့် ShareIt app များကိုလည်း ထည့်သွင်းပေးထားသည်။ SyncIt သည် SD card မှ အချက်အလက်များကို restore သို့မဟုတ် backup ပြုလုပ်ခြင်းနှင့် contacts များကို sync ပြုလုပ်သည်။  ShareIt မှာမူ အခြား tablet အပြင် ဖုန်းသို့မဟုတ် ကွန်ပျူတာဖြင့် စာရွက်စာတမ်းများကို ဝေမျှပေးနိုင်သည်။

Lenovo Tab 2 A10-70 တွင် 1.7GHz quad-core Mediatek MT8165, RAM 2GB, internal storage 16GB နှင့် 64GB အထိ ထည့်သွင်းအသုံးပြုနိုင်သော microSD တို့ ပါဝင်သည်။ အခြား feature များမှာ Bluetooth 4.0, Wi-Fi 802.11 a/b/g/n နှင့် accelerometer တို့ပါဝင်လာသည်။

Lenovo Tab 2 A10-70 ကို ပေါ့ပေါ့ပါးပါး လုပ်ငန်းဆောင်တာ များအတွက်သာ အသုံးပြုသင့်သည်။ သုံးစွဲသူအနေဖြင့် အီးမေးလ်များ ရေးခြင်း၊ လူမှုရေးမီဒီယာ အသုံးပြုခြင်းနှင့် ဗီဒီယိုကြည့်ရှုခြင်း စသည်တို့ကို လုပ်ဆောင်ရာတွင် ချောမွေ့မှုရှိသည်။ ၎င်း၏ စွမ်းဆောင်ရည်သည် ချောမွေ့သော်လည်း အလွန်မြန်ဆန်ခြင်း မရှိပေ။ Tablet ဖြင့် app များကို download ပြုလုပ်ရာတွင် နှေးကွေးသည်။

အားသာချက်
Lenovo Tab 2 A10-70 သည် full HD မျက်နှာပြင် ပါဝင်သည့် တန်ဖိုးသင့် tablet  တစ်မျိုးဖြစ်သည်။ ၎င်းတွင် tablet ၏ အသံအရည်အသွေးကို မြှင့်တင်ပေးမည့် Dolby app ပါဝင်သည်။ ထို့အပြင် tablet ၏ storage ကို တိုးမြှင့် အသုံးပြုနိုင်မည့် microSD ကတ် slot ပါဝင်သည်။

အားနည်းချက်
Lenovo Tab 2 A10-70 တွင် ဂိမ်းအကြီးစားများ ထည့်သွင်းသည့်အခါ load ပြုလုပ်ရာတွင် အချိန်များစွာ ကြာမြင့်တတ်သည်။ ၎င်း tablet ကို လက်ထဲတွင် အချိန်ကြာမြင့်စွာ ကိုင်ထားသည့်အခါ မသက်မသာ ဖြစ်လာမည် ဖြစ်သည်။

ဘက်ထရီ

Lenovo Tab 2 A10-70 ကို Airplane Mode နှင့်အတူ အလင်းတစ်ဝက်ခန့်ထားပြီး 720p ဗီဒီယို ကြည့်ရှုပါက ၁၃ နာရီခန့် အသုံးပြုနိုင်သည်။

-Ref: CNET