Passport ဖုန်းလဲလှယ်သုံးစွဲမည့် iPhone သုံးစွဲသူများကို BlackBerry မှ ဒေါ်လာ ၅၅၀ ပေးအပ်သွားမည်

blackberry-finish.jpg

BlackBerry သည် ၎င်း၏ Passport ဖုန်းပြောင်းလဲ သုံးစွဲမည့် Apple သုံးစွဲသူများကို ဒေါ်လာ ၅၅၀ ပေးမည့် “trad up” ဟုခေါ်ဆိုသည့် အစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် BlackBerry ဝက်ဘ်ဆိုက်ပေါ်တွင် ဒေါ်လာ ၄၉၉ ဖြင့် ရောင်းချနေသော Passport စမတ်ဖုန်းကို ဝယ်ယူသည့် ကုန်ကျစရိတ်ကို ကာမိနိုင်မည် ဖြစ်သည်။ ထိုသို့ BlackBerry မှအတည်ပြုမှု ရယူပြီးလျှင် ငွေပေးချေမှုကို Visa Prepaid ကတ်ဖြင့် ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။  BlackBerry သည် စမတ်ဖုန်း ဈေးကွက်အတွင်း ရုန်းကန်နေရပြီး  ပြီးခဲ့သည့် သုံးလပတ်အတွင်း  စမတ်ဖုန်းရောင်းချမှု ၄၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။  ထိုကဲ့သို့  Black-Berry မှကမ်းလှမ်းမှုသည် အမေရိကန်နှင့် ကနေဒါနိုင်ငံတွင် ဒီဇင်ဘာလ ၁ ရက်မှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ ပြုလုပ်ရန် သတ်မှတ်ထားကြောင်း သိရသည်။

BlackBerry Passport  စမတ်ဖုန်းသည် အလွန်အသုံးဝင်မှု ရှိသောမျက်နှာပြင် ဒီဇိုင်းပါဝင်လာကြောင့် စာရွက်စာတမ်းများ ဖတ်ရှုရာတွင် ကောင်းမွန်မည်ဖြစ်ကြောင်း စီမံကိန်းအကြီးအကဲ မာတီဘီယာ့က ပြောဆိုခဲ့သည်။

-စိုးထက်
Ref: CNNMoney