ကြော်ငြာမပါသော အခပေး ဝန်ဆောင်မှုသစ်ကို YouTube မိတ်ဆက်

12049586_10153252777732825_6587258489200528671_n.jpg

YouTube သည် Netflix, Spotify နှင့် အခြား platform များဖြင့် ယှဉ်ပြိုင်ရန်အတွက် YouTube Red ဟုခေါ်သော ဝန်ဆောင်မှုသစ်တစ်ခုကို မိတ်ဆက်ပေးခဲ့သည်။

YouTube Red သည် YouTube ၏ အခပေးဝန်ဆောင်မှုဖြစ်ပြီး တစ်လလျှင် ၉.၉၉ ဒေါ်လာကျသင့်မည် ဖြစ်သည်။ ၎င်းဝန်ဆောင်မှုကို အသုံးပြုသူများသည် ကြော်ငြာမပါသော YouTube content များကို ကြည့်ရှုနိုင်ပြီး YouTube gaming နှင့် YouTube Music အပါအဝင် content များကို offline ကြည့်ရှုနိုင်ရန် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။

၎င်းကို အောက်တိုဘာလ ၂၈ ရက်တွင် စတင်အသုံးပြုနိုင်မည် ဖြစ်ပြီး အခမဲ့ တစ်လ စမ်းသပ် အသုံးပြုခွင့်ပေးမည် ဖြစ်သည်။

ယခုနှစ်ကုန်တွင် ဖြန့်ချိမည့် YouTube Music သည်လည်း standalone app တစ်ခု ဖြစ်လာမည်ဟု YouTube မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။ ဗုဒ္ဓဟူးနေ့က YouTube မှ မိတ်ဆက်ပေးခဲ့သော YouTube Music တွင် ဗီဒီယိုများကို အရွယ်ကြီးမားသော thumbnail မြင်ကွင်းများဖြင့် ပြသထားပြီး သီချင်းများကို live versions, covers, remixes စသည်တို့ဖြင့် ဖော်ပြပေးမည် ဖြစ်သည်။ App တွင် သီချင်းတစ်ပုဒ်ကို နှိပ်လိုက်သည့်အခါ music video ကို စတင်ပြသပေးမည်ဖြစ်ပြီး music video ကို ရပ်လိုက်သည့်အခါ သို့မဟုတ် minimize ပြုလုပ်သည့်အခါတွင် သီချင်းကို ဆက်လက် နားဆင်နိုင်မည် ဖြစ်သည်။

Ref: BuzzFeed