FTTA နှင့် FTTH နည်းပညာများ အကြောင်း ဆွေးနွေးပွဲကျင်းပ

10525379_870592836388337_8742977627260307562_o.jpg

လက်ရှိအသုံးပြုမှုများနေသော Fiber to the Home (FTTH) နှင့် Fiber to the Antenna (FTTA) အကြောင်း ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို အောက်တိုဘာလ ၂၁ ရက်က Summit Parkview Hotel တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ FTTA နှင့် FTTH ဆိုင်ရာ နည်းပညာများအကြောင်း၊ အသုံးပြုရာတွင် တွေ့ကြုံရနိုင်သည့် စိန်ခေါ်မှုများ အကြောင်းကို သက်ဆိုင်ရာပညာရှင်များက အဓိကထား ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို Yadanarbon Fibre Services, VINA OFC, EXFO, Sumitomo Electric စသည်တို့က ကျင်းပခဲ့ခြင်း ဖြစ်သည်။