Facebook ၏ Instant Articles Feature ကို iOS သုံးစွဲသူအားလုံး အသုံးပြုနိုင်ပြီ

10696187_10153251519727825_3483423076879427219_n.jpg

လွန်ခဲ့သည့် လအနည်းငယ်က ပုံနှိပ်မီဒီယာများအတွက် platform သစ်တစ်ခုအဖြစ် Facebook မှ မိတ်ဆက်ပေးခဲ့သော Instant Articles ကို iPhone သုံးစွဲသူ အနည်းငယ်ကသာ အသုံးပြုခွင့်ရခဲ့သော်လည်း ယခုအခါ iOS သုံးစွဲသူ အားလုံးထံ ဖြန့်ချိလိုက်ကြောင်း သိရသည်။ ၎င်း feature သစ်သည် Facebook iOS app တွင် သတင်းများကို မြန်ဆန်စွာ ဖတ်ရှုနိုင်စေမည် ဖြစ်သည်။

Instant Articles သည် ပုံနှိပ်မီဒီယာများက ၎င်းတို့၏ post များနှင့် သတင်းများကို Facebook ဆာဗာများတွင် တင်ထားစေနိုင်ပြီး သီးခြား web app တွင် သတင်းဖတ်ရှုခြင်းထက် ဆယ်ဆပိုမိုလျင်မြန်စွာ ဖတ်ရှုနိုင်စေမည် ဖြစ်သည်။ ၎င်း platform တွင် ဓာတ်ပုံများကို ချဲ့ကြည့်ခြင်း၊ ဗီဒီယို အလိုအလျောက်ဖွင့်ခြင်း စသည့် interactive tool အချို့ ပါဝင်သည်။

Facebook ၏ အဆိုအရ သုံးစွဲသူများသည် သတင်းဖတ်ရှုခြင်းနှင့် ဝေမျှခြင်းတို့ကို ချက်ချင်းပြုလုပ်စေနိုင်ပြီး ဝေမျှမှု များပြားသည့် သတင်းဆောင်းပါးကို Facebook News Feed အထက်ပိုင်းတွင် ပြသပေးမည်ဟု သိရသည်။

Facebook ၏ Instant Article platform နှင့် ပူးပေါင်းထားသော နာမည်ကျော် ပုံနှိပ်မီဒီယာအချို့တွင် The New York Times, National Geographic, BuzzFeed, NBC, The Atlantic, The Guardian, BBC News, Spiegel, Bild, The Washington Post, The Huffington Post, Business Insider, Fox Sports, MLB, Hollywood Reporter, The Onion, The Verge, TIME စသည်တို့ ပါဝင်သည်။

Instant Article များကို iOS Facebook feed တွင် မိုးကြိုးသွားသင်္ကေတတစ်ခုဖြင့် ဖော်ပြပေးမည် ဖြစ်သည်။

Ref: MacRumors