Ostarion The Wraith King

Wraith+king+promo-YAHOO-online-gamearticle-2015OCT15.jpg

Frozen Throne Dota တုန်းက Leoric လို့ လူသိများတဲ့ Skeleton King ဟာ Dota 2 အရောက်မှာတော့ v6.79c Patch Update နဲ့အတူ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ Wraith King ဆိုတဲ့ Title နဲ့အတူ Model တစ်ခုလုံးပါ ပြောင်းလဲသွားခဲ့ပါတယ်။ Title နဲ့ Model သာမကဘဲ Leoric ဆိုတဲ့ အမည်နာမဟာလည်း Blizzard ရဲ့ Copyright ကြောင့် Ostarion ဟု ပြောင်းလဲသတ်မှတ်ခဲ့တဲ့ WraithKing ဟာ ရိုးရှင်းတဲ့ Playstyle ရှိတဲ့ Melee Strength Tanky Carry Hero တစ်ကောင်ပဲဖြစ်ပါတယ်။ နှိပ်သုံးစရာအဖြစ် ရိုးရှင်းတဲ့ Single Stun Ability တစ်ခုတည်း ပါဝင်ပြီး Survive ဖြစ်ဖို့ လွယ်ကူတဲ့ Hero တစ်ကောင်ဖြစ်လို့ စတင်လေ့ကျင့်တဲ့ ကစားသမားတွေကနေ Professional အဆင့်အထိ ရွေးချယ်နိုင်တဲ့ Carry Hero ကောင်း တစ်ကောင်လည်း ဖြစ်ပါတယ်။

Background Story

ဖော်မပြနိုင်လောက်အောင် များပြားလွန်းတဲ့ နှစ်တွေအတွင်းမှာ ဘုရင်ကြီး Ostarion ဟာ ရန်သူတို့ရဲ့ နယ်မြေပေါင်း များစွာကို တိုက်ခိုက်သိမ်းပိုက်ရင်း နေမဝင် အင်ပါယာကြီး တစ်ခုကို တည်ထောင်နေခဲ့ပါတယ်။ များစွာသော အချိန်တို့ ကြာညောင်းလာတဲ့အခါ အဆုံးမရှိသော လွန်ကြူးတဲ့ စိတ်ဆန္ဒတို့ဖြင့် တည်ထောင်ခဲ့တဲ့ တိုင်းပြည်ကြီးဟာ အဆုံးသတ်ကို ရောက်တော့မယ့် အရိပ်လက္ခဏာများ မြင်လာရပါတယ်။ တကယ်တော့ Ostarion ဟာ  သူ့ရဲ့နန်းတော်ကြီးနဲ့အတူ ရဲတိုက်များ တည်ဆောက်နိုင်ခဲ့ရင်၊ ထာဝရ မသေဆုံးနိုင်တော့ဘူးလို့ ထင်မြင်ယူဆနေခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ သူထင်ထားသလို ဖြစ်မလာခဲ့ဘဲ သူ့ခန္ဓာကိုယ်က အရိုးစများဟာလည်း တစ်စထက်တစ်စ ကြွေကျ နေခဲ့ပါတယ်။ ခန္ဓာကိုယ်က အသားစတွေကိုတောင် ယုံကြည်ချက်မရှိတော့တဲ့ Ostarion ဟာ တည်ဆောက်ထားခဲ့တဲ့ ဒီတိုင်းပြည်ကြီးကို ထာဝရကြာရှည်အောင် အဓွန့်တည်စေဖို့ စဉ်းစားခဲ့ရမှာတော့ သေမင်းထံသို့ လုံလောက်တဲ့ ဝိညာဉ်များကို ပေးအပ်ပြီး သန့်ရှင်းစင်ကြယ်တဲ့ ဝိဉာဉ်စွမ်းအားများကို ပြန်လည်ရမယ်ဆိုတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပြင်းပြတဲ့ စိတ်ဆန္ဒအတိုင်း ထာဝရတည်မြဲပြီး တလက်လက် တောက်ပနေတဲ့ ခန္ဓာကိုယ်တစ်ခုကို ဖန်တီးဖို့အတွက် သူ့ကိုယ်သူ ဝိညာဉ်တစ်ခုအဖြစ် ဖန်တီးရမယ်ဆိုတဲ့ သဘောတရားကို လက်ခံထားလိုက် ပါတော့တယ်။ နှစ်ပေါင်း (၁ဝဝဝ) နေမှ တစ်ခါကြုံရသော WraithNight လို့ခေါ်ဆိုတဲ့ လကြတ်သောညကို အရောက်မှာတော့ သူလိုချင်တဲ့  ထာဝရ မသေဆုံးခြင်းအား ရရှိဖို့ သတ်ဖြတ်သိမ်းဆည်းထားတဲ့ ဝိဉာဉ်ပေါင်းများစွာဖြင့် ယာဇ်ပူဇော်ခဲ့ပါတယ်။ မည်မျှများပြားတဲ့ အသက် ဝိဉာဉ်ပေါင်းများစွာကို စတေးခဲ့ရသလဲဆိုတာကို အတိအကျ မသိနိုင်တော့ပေမယ့် နောက်တစ်နေ့ အရုဏ်ဦးအလင်းရောင်နဲ့အတူ နိုးထလာတဲ့ တစ်ယောက်တည်းသော ကျန်ရှိသူဟာ ဝိညာဉ်တို့ရဲ့ အရှင်သခင် Wraith King တစ်ဦးတည်းသာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ Ostarion ဟာ သူ့ရဲ့ ပြိုးပြက်တောက်ပနေသော ပလ္လင်ပေါ်မှာ ထိုင်ပြီး အချိန်ဖြုန်းနေခြင်းထက် သေခြင်းရဲ့ တစ်ဖက်ကမ်းအထိပါ နယ်ချဲ့မယ့် ရည်ရွယ်ချက်တို့နဲ့ ဓါးကို ဆွဲကိုင်လျက် ခရီးနှင်နေသူ တစ်ယောက်ဖြစ်နေခဲ့ပါပြီ။

ရိုးရှင်းပြီး Cooldown 8 seconds တည်းရှိတဲ့ Wraithfire Blast ဟာ Single Target Disable Ability တစ်ခုဖြစ်ပါတယ်။ သေချာတဲ့ 2 seconds Stun ကို ဖြစ်ပေါ်စေပြီး Damage Per Seconds + Movement Speed Slow 2 Seconds ကိုလည်း သက်ရောက်စေဦးမှာ ဖြစ်ပါတယ်။ Mana Pool နည်းပါးတဲ့ Wraith King အတွက်တော့ အစောပိုင်းမှာ အသုံးပြုဖို့ အခက်အခဲအနည်းငယ်ရှိပေမယ့် 525 Cast Range ရှိတဲ့ သေချာတဲ့ Stun တစ်ခုဖြစ်လို့ သေချာတဲ့ Hero Kill တစ်ခုအတွက် ထိုက်တန်တဲ့ Ability တစ်ခုဖြစ်ပါတယ်။ 2 seconds Stun ပြီးနောက် ဆက်လက်သက်ရောက်မယ့် 2 seconds Slow ဟာ ကစားပွဲနောက်ပိုင်းအထိ များစွာ အားသာချက်ရှိစေမယ့် 20% သော Slow ပမာဏကို သက်ရောက်စေမှာဖြစ်ပါတယ်။

Vampiric Aura ဟာ Offering ကဲ့သို့သော AoE Lifesteal Aura တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ Offering ထက် Llifesteal Rate ပိုများတဲ့အပြင် အခြားသော Lifesteal Item တွေနဲ့လည်း တွဲဖက် သက်ရောက်နိုင်တဲ့အတွက် Wraith King ဟာ ကစားပွဲနောက်ပိုင်း Team Fight တွေမှာ သင့်အသင်း Carry တွေအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်မှာ Offering ထက် ၂ ဆတိတိ ပိုများတဲ့ Lifesteal Aura ကို ရရှိစေမှာဖြစ်ပေမယ့် Physical Damage Output နည်းပါးတဲ့ အစောပိုင်း Teamfight တွေမှာ များစွာ အသုံးမလိုလှပါဘူး။ ဒါပေမဲ့ Jungle ကစားခဲ့မယ် ဆိုရင်တော့ Mortal Strike ထက်များများ ပိုယူဖို့ လိုပါလိမ့်မယ်။

အခြားသော Critical Damage Passive Ability တွေနဲ့ ဆင်တူပဲဖြစ်တဲ့ Mortal Strike ကတော့ Pseudo Random Chance ကို သုံးတဲ့ Critical Strike တစ်မျိုးပဲဖြစ်ပါတယ်။ Chance ပမာဏ နည်းပါးပြီး Damage Output များပြားတဲ့ Critical Damage အမျိုးအစားဖြစ်လို့  Vampiric Aura နဲ့ နှိုင်းယှဉ်ပြီး
မိမိနှစ်သက်ရာကို ဦးစားပေး တင်နိုင်ပါတယ်။

V6.84 ရဲ့ Aghanim’s Upgrade မှာ Wraith King လည်း ပါဝင်ခဲ့ပါတယ်။ Ultimate Reincanation ဟာ Wraith King ကို Hp Zero ရောက်ရှိသွားတဲ့အခါမှာ အဆိုပါ နေရာမှာ Tombstone တစ်ခုပေါ်လာမှာဖြစ်ပြီး 3 seconds ကြာပြီးနောက်မှာ Hp, Mana အပြည့်နဲ့ ပြန်လည် ထွက်ပေါ်လာမှာဖြစ်ပါတယ်။ Wraith
King သေဆုံးပြီးနောက် 5 seconds အတွင်းမှာ အဆိုပါ Tombstone တိုင်ရဲ့ 900 AoE အတွင်းက Enemy Unit တွေကို 75% Ms Slow  နဲ့ 75 Attack Speed Slow ကို သက်ရောက်စေမှာဖြစ်ပါတယ်။ ဒါကြောင့် Wraith King ပြန်ထလာပြီးနောက် 2 seconds ကြာတဲ့အထိ အဆိုပါ Slow က ဆက်လက် သက်ရောက်နေမှာ ဖြစ်ပါတယ်။ များများယူလေ Cooldown ကျ လေဖြစ်ပြီး ပုံသေ Mana Cost 160 ရှိတဲ့ Ultimate ဖြစ်ပါတယ်။ Aghanim’s Scepter
စပ်လိုက်မယ်ဆိုရင်တော့ Wraith King ရဲ့ 1200 AoE အတွင်းက Ally Hero တစ်ကောင်ကောင်ဟာ သေဆုံးခဲ့တဲ့အခါတိုင်း 7 Seconds ကြာတဲ့ Wraith Form အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ အဆိုပါ အချိန်အတွင်းမှာ Wraith Form Hero ဟာ 1 Hp ထက် လျော့မသွားဘဲ ပုံမှန် Hero များကဲ့သို့ တိုက်ခိုက်နိုင်ရုံမက၊ Ability များလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ Bloodstone နဲ့ Techies ရဲ့ Suicide Squad Attack! ကို အသုံးပြု ခြင်းကြောင့် သေဆုံးသွားမယ့် Hero ကိုတော့ Wraith Form အဖြစ် ပြောင်းလဲစေမှာ မဟုတ်ပါဘူး။

အစောပိုင်း လမ်းပေါ်နေတဲ့ Wraith King အနေနဲ့ Vampiric Aura ရော Mortal Strike ပါ များစွာ အသုံးမဝင်တဲ့အတွက် Mana Cost ရော Cooldown ပါ မပြောင်းလဲတဲ့ Wraithfire Blast ကို ဦးစားပေး အတင်သင့်ဆုံး ဖြစ်ပါတယ်။ Carry Hero တစ်ကောင်ဖြစ်တဲ့ Wraith King ဟာ Strength ကောင်းတဲ့အတွက် Tank သင့်သလောက် Tank ပြီးသား ဖြစ်ရုံမကဘဲ Damage Output ကောင်းစေမယ့် Mortal Strike လည်း ပါဝင်တဲ့အတွက် Tank, Attack Speed, Damage Item များကို မျှအောင်ထည့်ဆော့နိုင်တဲ့ Hero တစ်ကောင် ဖြစ်ပါတယ်။ Teamfight တစ်ခုမှာ Initiator ကောင်းတစ်ကောင်ဖြစ်ဖို့အတွက် Blink Dagger သို့မဟုတ် Shadow Blade တစ်ခုခုကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ Wraith King ကစားသမားတွေအနေနဲ့ အစောပိုင်းအရေးတကြီး အထည့်သင့်ဆုံး Item တစ်ခုကတော့ Magic Wand ဖြစ်ပါတယ်။ Magic Wand ကနေ ရရှိမယ့် +52 Mana Pool ဟာ ၁ဝ မိနစ်ဝန်းကျင် အစောပိုင်း Battle တွေမှာ အလွန်သိသာတဲ့ ပမာဏဖြစ်ပြီး မိမိကို Counter လုပ်ထားမယ့် Mana Burn Hero များ ရန်ကနေ စိတ်ချရတဲ့ Mana Restore ကိုလည်း အချိန်ကိုက် အသုံးပြု ပြီး ပြန်လည်ရရှိစေမယ့် အတွက်ဖြစ်ပါတယ်။ Armlet, Mjollnir, Mkb, Abyssal Blade, Desolator စတဲ့ Item တွေကို တိုက်ခိုက်ဖို့အတွက် ရွေးချယ်နိုင်သလို Bkb, Assault, Heart, Sange and Yasha တို့ကိုလည်း မိမိရဲ့ Survive အတွက် ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ Wraith King ဟာ Carry Role အပြည့်နဲ့ Hero ဖြစ်ပေမယ့် ပွဲအခြေအနေပေါ် လိုက်ပြီး Support, Roamer အဖြစ်လည်း ပြောင်းလဲ ဆော့ကစားလို့ ရတယ်ဆိုပေမယ့် မိမိရဲ့ Team အပေါ် ယုံကြည်ရမှုပေါ် မူတည်ပြီးမှ Role ပြောင်းကစားဖို့ သင့်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

www.dotaboo.com