CHIGO Chest Freezer

CHIGO-Chest-Freezer-ATK-YGN-product-2015OCT15.jpg

CHIGO မှ ထပ်မံထုတ်လုပ်လိုက်သည့် ၂ ပေ ၆ လက်မ အရွယ်အစား Chest Freezer ဖြစ်သည်။ လီတာ ၁၄၀ ခန့်ဝင်ဆံ့ပြီး အတွင်းခန်းအအေးထိန်းရန် ဆလိုက်မှန် Safety Glass Door Cover နှင့် ညအချိန်တွင် အသုံးပြုနိုင်သည့် မီးပါရှိသည်။ အအေး ပုလင်းနှင့်သားငါးများထားရှိရန် ခြင်းတောင်းလည်း ပါရှိမည်ဖြစ် သည်။ လက်ကိုင်ပါဝင်ပြီး သော့ခတ်ထားနိုင်သည်။ R134a Gas ကို အသုံးပြုထားသည်။ အအေးနှုန်းထိန်းရန်အတွက် Temperature ပါရှိပြီး High Energy Class အမျိုးအစား ဖြစ်သည့်အတွက် အအေးခဲနှုန်းအလွန် မြန်ဆန်စေသည်ဟု သိရသည်။ အာမခံ ၃ နှစ်ပါရှိပြီး အရွယ်စုံရရှိနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ၁၉၅,၀၀၀ ကျပ်ဖြစ်ပြီး Multi Generation Electronics WholeSales Centre ဖုန်း- ၀၉၇၃၂၄၀၁၂၃ ၌ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်သည်။