Week Calendar for iPad

Week.jpg

နေ့ရက်အလိုက် ပြုလုပ်ရမည့် အလုပ်တာဝန်များကို မှတ်သားထားနိုင်သလို Attachment ပြုလုပ်နိုင်မည့် Week Calendar ဆိုသည့် app သည် iPad အသုံးပြုသူများ သုံးစွဲနိုင်မည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app သည် Contant များနှင့် ချိတ်ဆက်နိုင်မည်ဖြစ်သလို Event များကိုလည်း မှတ်သားထားပေးနိုင်မည် ဖြစ်သည်။

Week Calendar app ကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၃.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 6.0 နှင့်အထက် အသုံးပြုထားသော iPad များတွင်သာ အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။