Apple Music ကို အခပေး သုံးစွဲသူ ၆.၅ သန်းရှိ

12109004_10153250181732825_3584436114016671253_n.jpg

Apple ၏ streaming သီချင်းဝန်ဆောင်မှုကို အခပေး သုံးစွဲသူဦးရေ ၆.၅ သန်းရှိကြောင်း အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်က တနင်္လာနေ့က ပြုလုပ်ခဲ့သော WSJD Live ကွန်ဖရင့်စ်တွင် ပြောကြားခဲ့သည်။

Apple သည် လအနည်းငယ်အတွင်း သုံးစွဲသူ ၆.၅ သန်း ရရှိခဲ့ခြင်း ဖြစ်ပြီး ပြိုင်ဘက် Spotify မှာ ၉ နှစ်အကြာတွင် သုံးစွဲသူ သန်း ၂၀ ရရှိခဲ့သည်။ သို့ရာတွင် သုံးစွဲသူဦးရေ မြင့်တက်လာသည့် အကြောင်းအရင်းကို ကွတ်က ပြောကြားခဲ့ခြင်း မရှိပေ။

Apple Music ကို စတင်မိတ်ဆက်ပြီး ရက်သတ္တငါးပတ် အကြာတွင် သုံးစွဲသူ ၁၁ သန်း ရှိခဲ့သည်။ လက်ရှိတွင် Apple Music အတွက် Android app ဖြန့်ချိထားခြင်း မရှိသေးဘဲ ၎င်း app ထွက်ရှိလာပါက သုံးစွဲသူအရေအတွက် တိုးလာဖွယ်ရှိသည်။

Ref: TheNextWeb