Mind4 အဝေးထိန်း လေယာဉ်ကို လူများနောက် လိုက်လံနှောက်ယှက်သည့် လေယာဉ်အဖြစ် တရုတ်မီဒီယာများ ဖော်ြ

airmind-mind4-drone-horizontal-gallery.jpg

တရုတ်နိုင်ငံ ရှန်ဟိုင်းအခြေစိုက် AirMind ကုမ္ပဏီက Kickstarter ဝက်ဘ်ဆိုက်၌ ရန်ပုံငွေရှာဖွေနေသည့် Mind 4 အဝေးထိန်း လေယာဉ်ကို တရုတ်မီဒီယာများက လူအများကို လိုက်လံနှောင့်ယှက်သည့် stalker drone အဖြစ်ဖော်ပြ နေလျက်ရှိကြောင်း သိရသည်။

AirMind   ကုမ္ပဏီ တည်ထောင်သူ Ning Lu ကမူ Mind4 အဝေးထိန်း လေယာဉ်၏ နည်းပညာသည် လူများနောက်  တိတ်တဆိတ် လိုက်လံသည့် အလုပ်မျိုးအတွက် သင့်တော်ခြင်း မရှိကြောင်းပြောကြားခဲ့သည်။ Mind4 သည် လူများစွာရှိသည့်နေရာတွင် ထင်သာမြင်သာရှိပြီး ပုန်းကွယ်နိုင်ရန် ခက်ခဲသောကြောင့် ဖြစ်ကြောင်း ၎င်းကရှင်းလင်း ပြောပြခဲ့သည်။ အဆိုပါ ထုတ်ကုန်ကို ရေလွှာလျှောစီးသူများ၊ နှင်းလျှောစီးသူများ၊ စက်ဘီးစီးသူများနှင့် စွန့်စားသည့် လုပ်ဆောင်ချက်များ ပြုလုပ်သည့်အခါ အံ့အားသင့်စရာများကို မှတ်တမ်းတင်ရာတွင်  အသုံးပြုရန် သင့်တော်ကြောင်း Lu ကပြောကြားခဲ့သည်။ Mind4 သည် သုံးစွဲသူများနှင့် လူမဟုတ်သည့် တိရစ္ဆာန်များနောက်သို့ လိုက်လံကာ  ရုပ်ရှင်ရိုက်ကူးခြင်း၊ ဓာတ်ပုံရိုက်ခြင်းကဲ့သို့ အရာများကို လုပ်ဆောင်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ကြောင်းသိရသည်။

Mind4 သည် အထူးပြုလုပ်ထားသော Android စမတ်ဖုန်း app ဖြင့်  sync  ပြုလုပ်ကာ အသုံးပြုနိုင်ပြီး အဝေးထိန်း လေယာဉ်အတွင်း စွမ်းဆောင်ရည်မြင့်သော ပရိုဆက်ဆာပါဝင်သည်။ Mind4 အဝေးထိန်း ယာဉ်သုံးစွဲသူများအနေဖြင့် လေယာဉ်ကို ပျံသန်းလိုလျှင် app အတွင်းမှ စေခိုင်းပြီး ဖုန်းပေါ်ရှိ ကင်မရာမှ ခြေရာခံမည့် ပစ်မှတ်ကို ရွေးချယ်နိုင်မည် ဖြစ်သည်။  ၎င်းအဝေးထိန်း လေယာဉ်သည်  အမြင့် ၆၅ ပေနှင့် ၎င်းတွင် ပါဝင်သော autopilot feature ကိုအသုံးပြုကာ ၁၆၄ ပေ အကွာအဝေးမှ ခြေရာခံနိုင်မည် ဖြစ်သည်။

-စိုးထက်
Ref: CNNMoney