Persona 4 Dancing All Night

Persona-4-Dancing-All-Night-NAL-online-gamereview-2015OCT15-copy.jpg

Persona ဂိမ်းစီးရီးကို Atlus အနေနဲ့ မူလက နာမည်ကျော် Shin Megami Tensei ဂိမ်းစီးရီးရဲ့ spin-off ပုံစံအဖြစ်နဲ့သာ စတင် ဖြန့်ချိခဲ့ပြီး PlayStation 2 ခေတ် Persona 3 နှင့် Persona 4 ထွက်ပြီးတဲ့ အချိန်မှာတော့ RPG ဂိမ်းပရိသတ်တွေကြားမှာရော Japan Anime ဇာတ်လမ်းတွဲတွေ နှစ်သက်သူတွေကြားမှာပါ ရေပန်း အစားဆုံး ဂိမ်းစီးရီး တစ်ခုအဖြစ် ကျော်ကြားခဲ့ပါတယ်။ Publisher နှင့် Developer Atlus ကို SEGA က ဝယ်ယူပြီးနောက်ပိုင်းမှာလည်း ထုတ်လုပ်မှုပိုင်း ပြောင်းလဲခြင်း မရှိဘဲ Persona ဂိမ်းသစ်တွေ ဆက်တိုက် ထွက်ရှိခဲ့ပြီး စက်တင်ဘာလအတွင်းမှာတော့ Persona ဂိမ်းအသစ်ဖြစ်ပြီး အရင်လို turnbased RPG တွေ၊ Versus Fighting တွေမဟုတ်တဲ့ Persona 4 Dancing All Night အမည်ရ Music Rhythm ဂိမ်းသစ်ထွက်ရှိလာပါတယ်။ Persona 4 Dancing All Night ပြီးရင်တော့ ၂၀၁၆ နှစ်လယ်ပိုင်းမှာဆိုရင်လည်း Persona main series ဂိမ်းသစ် Persona 5 ကလည်း PS3 နှင့် PS4 စက်တွေမှာ ထွက်ရှိလာဦးမှာပါ။

Persona 4 Dancing All Night ဟာ Persona ဂိမ်းတွေရဲ့ ထုံးစံအတိုင်း gameplay ပိုင်းအပြင် storyline ပိုင်းကိုပါ အသားပေးထားတာ တွေ့ရမှာပါ။ Persona 4 အပြီး Persona 4
Arena လိုမျိုး Versus Fighting ဂိမ်းထွက်ဖို့ ကြော်ငြာတုန်းကတော့ ဇာတ်ကောင်အချင်းချင်း တိုက်ခိုက်ရုံသက်သက် Spin-off ဂိမ်းအဖြစ် ထင်ခဲ့ရပေမယ့် တကယ်တမ်းကျတော့ Persona 4 ဂိမ်းတွေရဲ့ timeline ပေါ်မှာပဲနေရာယူထားပြီး ကိုယ်ပိုင် ဇာတ်လမ်းတွေ ပါဝင်ထားတဲ့ Visual Novel ပုံစံ story mode ကိုလည်း ကစားနိုင်လို့ ဇာတ်လမ်းစိတ်ဝင်စားတဲ့ ပရိသတ်တွေပါ သဘောကျခဲ့ပါတယ်။ နောက်ပိုင်းထွက်လာတဲ့ Persona 4 Arena Ultimax နှင့် Persona Q တို့ဟာလည်း သူ့ရဲ့ Main timeline က canon storyline တွေဖြစ်လို့ ကစားရတာ ပိုတန်တယ်လို့ ပြောနိုင်ပါတယ်။ Persona 4 Dancing All Night ဟာလည်း Persona 4 Golden ဂိမ်းရဲ့ဇာတ်လမ်းတွေအပြီး တစ်လအကြာမှာ နေရာယူထားတဲ့ storyline အသစ် ပါဝင်ပါတယ်။ Music Rhythm Game ဖြစ်ပေမယ့် Story Mode ကို အရင်လို ကြာကြာကစားရအောင် ဖန်တီးပေးထားပြီး Midnight Stage လို့ အမည်ပေးထားတဲ့ ကမ္ဘာမှာ Shadow အမည်ရ မိစ္ဆာရန်သူတွေကို Persona တွေရဲ့အစွမ်းနဲ့တိုက်ရိုက် တိုက်ခိုက်နိုင်မှာမဟုတ်ဘဲ ဂီတနှင့်အက အစွမ်းတွေကို အသုံးပြုပြီး ရင်ဆိုင်ရပုံကို ကစားရမှာပါ။

ဇာတ်လမ်းအစမှာတော့ Persona တွေကို ဖန်တီးပေးတဲ့ Velvet Room အတွင်းက Margaret ဟာ အခန်းအတွင်း ရောက်ရှိလာသူတွေကို P4D ဂိမ်းထဲမှ အဖြစ်အပျက်တွေကို ပြန်ပြောပြပုံနှင့် စတင်ထားပါတယ်။ အရင်ဂိမ်း အများစုက Persona 4 ဂိမ်းရဲ့ အဓိကဇာတ်ကောင် Yu Narukami နေရာက တိုက်ရိုက် ကစား
ရတာဖြစ်လို့ Narukami အနေနဲ့ စကားပြောခန်း dialogue options တွေ သိပ်မပါဝင်ခဲ့ပေမယ့် အခုဂိမ်းမှာတော့ ကျန်တဲ့ ဇာတ်ကောင်တွေနီးပါး စကားပြောခန်းတွေ
ပါဝင်လာတာ တွေ့ရပါတယ်။

Persona 4 ဂိမ်းအပြီးမှာ Idol လောကကို ပြန်လည်ဝင်ရောက်ခဲ့တဲ့ Rise Kujikawa ဟာ Love Meets Bonds Festival အမည်ရ ဂီတဖျော်ဖြေပွဲမှာ Inaba မြို့က Investigation Team အဖွဲ့သူငယ်ချင်းတွေကို backup dancers အဖြစ် အသုံးပြုဖို့အတွက် Narukami နှင့်အဖွဲ့ဝင်တွေဟာ ဂီတလေ့ကျင့်ခန်းတွေ သင်ယူနေချိန်မှာ ဇာတ်လမ်းစတင်ထားပါတယ်။ Rise တို့ဆီကို Chie နှင့် Yukiko အပါအဝင် Inaba မြို့က သူငယ်ချင်းတွေ လိုက်လာတဲ့ အချိန်မှာပဲ Rise ရဲ့ သူငယ်ချင်းအဖွဲ့ဖြစ်တဲ့ Kanami ဦးဆောင်တဲ့ အဖွဲ့ဝင် ငါးယောက်
ပါ Kanamin Kitchen ထဲက member လေးယောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ ကောလာဟဟ သတင်းတွေ အရတော့ Love Meets Bonds Festival ရဲ့ website ကို ညသန်းခေါင် ၁၂ နာရီအချိန်မှာ ဝင်ကြည့်မယ်ဆိုရင် သေဆုံးပြီးတဲ့ Idol တွေရဲ့ ဖျော်ဖြေမှုကို မြင်ရပြီး နောက်ပိုင်း အခြားကမ္ဘာထဲကို ခေါ်ဆောင်သွားခြင်း ခံရမယ်ဆိုတဲ့ သတင်းကြားတဲ့အတွက် Narukami တို့ကိုယ်တိုင် ဝင်ကြည့်ရာကနေ Midnight Stage ကို ရောက်ရှိသွားပုံနဲ့ ဇာတ်လမ်းဆင်ထားပါတယ်။

Gameplay ပိုင်းကို ကြည့်မယ်ဆိုရင်တော့ Project Diva တို့ K-On! တို့လို Rhythm ဂိမ်းတွေပုံစံမျိုးပဲ directional button နှင့် symbol button တွေကို သီချင်း စည်းချက်ကျကျ လိုက်နှိပ်
ရမှာဖြစ်ပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ gameplay ပုံစံတစ်ခုကတော့ စက်ဝိုင်းပုံစံ scratch icon တွေ ပေါ်လာရင် PSVita စက်ရဲ့ Analog stick ကို လှည့်ပေးရတဲ့ အပိုင်းပဲဖြစ်ပါတယ်။ Hard Mode လိုမျိုး ခက်လာပြီဆိုရင်တော့ arrow button တွေ symbol button တွေနဲ့အတူ အများကြီး ကြားညှပ်ပြီး analog stick ကိုပါ သုံးရမှာမို့လို့ gameplay ပိုင်းလွယ်မှာ စိုးရိမ်နေတဲ့ Rhythm ဂိမ်းဝါသနာရှင်တွေအတွက်ကတော့ ပူစရာမလိုတာ တွေ့ရမှာပါ။ သီချင်းတွေအနေနဲ့ကလည်း ပင်မ Persona 4 ဂိမ်းရဲ့ event song တွေ battle song တွေနှင့်အတူ Remix version တွေနဲ့ သီချင်းအသစ်တွေလည်း ပါဝင်ထားလို့ တော်တော်လေး နားထောင်ကောင်းပြီး character costume သစ်နှင့် တစ်ယောက်
ချင်းဆီရဲ့ ကိုယ်ပိုင် dance move တွေလည်း ပါဝင်ထားလို့ Persona ပရိသတ်တွေသာမကဘဲအရင် Persona ဂိမ်းတွေမဆော့ဖူးတဲ့ Rhythm ဂိမ်းစိတ်ဝင်စားသူတွေပါ ကစားသင့်တဲ့ ဂိမ်းကောင်းဖြစ်ပါတယ်။