Content Blocker+

Content.jpg

Content Blockerr+ ဆိုသည့် app သည် iOS အသုံးပြုသည့် Mobile device များပေါ်မှ Safari browser ကို အသုံးပြု ပြီး အင်တာနက်သုံးစွဲသည့်အခါ data usage ကို လျှော့ချပေးနိုင်သလို လိုင်းစွဲအား ပိုမို ကောင်းမွန်ရန်အတွက်လည်း အထောက်အပံ့ပေးနိုင်သည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app သည် web browser အတွင်း မလိုလားအပ်သည့် ကြော်ငြာများနှင့် အင်တာနက်သုံးစွဲမှုများကို ခြေရာမခံနိုင်စေရန်အတွက် စီစဉ်ပေးထားသည်။

Download ပြုလုပ်လိုသူများအနေဖြင့် အဆိုပါ app ကို iTunes တွင် download လုပ်ယူနိုင်မည် ဖြစ်သည်။ ယခင်က Content Blocker+ app ကို ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 9.0 နှင့်အထက်တွင်သာ အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။