Facebook ရဲ့ သခင်လုပ်မှာလား ကျေးကျွန်လုပ်မှာလား ဆွေးနွေးပွဲမှ ကောက်နုတ်ချက် အချို့

Untitled-1.jpg

ဦးသောင်းစုငြိမ်း (အိုင်တီနှင့် မီဒီယာလုပ်ငန်းရှင်)

Page Admin တွေအနေနဲ့ ပိုပြီးအရေးကြီတဲ့ဟာက ကိုယ့်ရဲ့အကောင့်ကိုပါ ထိမ်းဖို့လိုတယ်။ Page ကိုသာ သွားပြီး အာရုံစိုက်နေရင် ကိုယ့် Page
က အရမ်းကြီးမားပြီးတော့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ဝန်ထမ်းတွေကော Admin ဆယ်ယောက်လောက် ဘာမှမကြည့် စုပြုံထည့်ထားရင် အဲဒီထဲက တစ်ယောက်ယောက်က အဖောက်ခံခဲ့ရရင် ကိုယ့်ရဲ့ကြိုးစားပမ်းစား လုပ်ထားတဲ့ Page တစ်ခုလုံးပါသွားမယ်။ အဲဒီလိုဟာမျိုးလေး သတိထားဖို့လိုမယ် ဆိုတာလေး ပြောချင်ပါတယ်။

 

ဦးရဲမြတ်သူ (Facebook Celebrity)

သတင်းတွေ မြင်လိုက်တယ်ဆိုရင် ကျွန်တော်တို့ စိတ်ထဲမှာ သိပ်ပြီးတော့ မသင်္ကာဘူးဆိုရင် ဝင်ပြီးတော့ Like တာတို့ Share တာတို့ မလုပ်ရင် ပိုကောင်းပါတယ်။ Comment လေး ဝင်ပေးလိုက်ရင်ကို ပိုပြီးတော့ ပြန့်တယ်။ ဖေ့စ်ဘုတ်သဘောက လူတစ်ယောက်က Comment ကို မဟုတ်ဘူး။ ဒါကြီးကမှားနေတယ်လို့ ဝင်ပြော လိုက်တာပဲ။ မှားနေတယ်လို့ ဝင်ပြောလိုက်တဲ့ အရာက သူ့သူငယ်ချင်းတွေရဲ့ Network ထဲကို ပေါ်လာပြန်ရော။ အဲဒီထဲကလူတွေ မှန်လား မှားလားမသိဘဲ လျှောက်ပြီး ကြည့်ကြပြန်ရော။

 

ဦးရဲမင်းဦး (ဘဏ်လုပ်ငန်း အကြံပေး)

Mark Zukerberg ကတော့ Resort လို့ယူဆရတဲ့ နေရာတစ်က ကြိမ်ခုံကြီးပေါ်မှာ စာအုပ် တစ်အုပ်ဖတ်ပြီးနေတာ မြင်လိုက်ရတော့ ကိုယ့်အခြေအနေ ကိုယ်သဘော ပေါက် သွားပါတယ်။ ဒီပုံ တွေ့လိုက်ရတဲ့ နေ့ကစပြီးတော့ ကျွန်တော်ဖေ့စ်ဘုတ် သုံးတာကို စပြီးတော့လျော့တယ်။ ဘာပြန်လုပ်လာလဲဆိုတော့ စာဖတ်တဲ့ အကျင့်ကို ပြန်လုပ် လာတယ်။ စာရေးတဲ့ ပုဂ္ဂိုလ်တွေက အချိန်တစ်ခု ပေးပြီးတော့ ဒီစာအုပ်ကို ရေးထားတာ။

 

ရဲမှူးကြီး ထွန်းနေ၀င်း (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် – ဆက်သွယ်ရေးနှင့် သတင်းအချက် နည်းပညာဌာန ဌာနမှူး)

သူများနိုင်ငံတွေနဲ့ တန်းတူလုပ်နိုင်ဖို့ အရမ်းကို နည်းနေပါသေးတယ်။ ဥပမာ 199 Police Call Center လိုမျိုး။ ဒါနိုင်ငံတိုင်း ရှိကိုရှိရမယ့်အရာပါ။ ဒါက ငွေကြေးကုန်ကျမှုနဲ့ ဘဏ္ဍာငွေ သုံးစွဲရမှု အထိုက်အလျောက် ရှိပါတယ်။ ဒါတွေကို သုံးစွဲနိုင်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ပြည်သူ့ အကျိုးပြု ဆောင်ရွက်တဲ့ နေရာမှာ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်တဲ့အခါမှာ ပိုပြီးတော့ ထိရောက်နိုင်မယ်လို့ ထင်ပါတယ်။

 

ဂုဏ်ရည်အေးကျော် (Miss Myanmar International 2013)

ဒီလောက်ထိ ပေါက်ကွဲလို့ရတဲ့ ဆိုရှယ်မီဒီယာကြီး ရှိနေတာတောင်မှ မပေါက်ကွဲဘဲနဲ့ ဂုဏ်ရည်တို့ ထိမ်းချုပ်ထားမယ် လို့ဆိုရင် EQ တွေလည်း မြင့်မား လာပြီးတော့ ဖေ့စ်ဘုတ်ရဲ့ သခင် တကယ်ဘဝမှာလည်း သခင်ဖြစ်လာမှာပေါ့နော်။ အနုပညာလောကမှာ post ပေါင်းများစွာနဲ့ အချင်းချင်းသက်ကြတယ်။ အဲဒီကနေပြီးတော့ တကယ်ဘဝတွေမှာပါ မခေါ်မပြောတာတွေ ဖြစ်လာပြီး Block ပစ်လိုက်တယ်။

 

ဦးမင်းဦး (ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာပညာရှင်အသင်း)

ငါဒါတင်လို့ တစ်ခုခုများဖြစ်မလားလို့ အတွေးရှိရင် ကျွန်တော်ထင်ပါတယ် မတင်တာ ကောင်းပါတယ်။ ကိုယ့်ကိုကိုယ်ဝေခွဲ မရဘူး။ တင်ဖို့ မတင်ဖို့တောင် ဝေခွဲမရဘူးဆိုတဲ့ Post ဆိုရင် ဘယ်တော့မှ မတင်တာ အကောင်းဆုံးပဲ။ လုံးဝ clear ဖြစ်တယ်လို့ ယူဆတဲ့ ဟာဆိုရင်တော့ တင်ပေါ့။ ဒါတောင် သူတင်လိုက်တဲ့အချိန်ရဲ့ နောက်ပိုင်းသက်ရောက်မှုတွေက ရှိသေးတယ်။

 

ဦးသာထက် (အိုင်တီ / လူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်)

ဖေ့စ်ဘုတ်ကိုသုံးပြီး နှစ်လုံးထီ သုံးလုံးထီတွေ လုပ်နေကြတာတွေ ဒိုင်ကိုင်နေကြတာတွေ ၊ ကုန်ကုန်ပြောရရင် ပိုက်ဆံကို အကုန်ခံပြီးတော့ နှစ်ပတ်လေး နှစ်လုံးရဖို့ကို ဒီအဖွဲ့ထဲကို ဝင်ချင်ရင်၊ ပေါက်လား မပေါက်လားတော့ မသိဘူး။ ပိုက်ဆံတော့ ကုန်သွားမယ်။ ဥပမာ ဒိုင်တွေ ကြောက်တဲ့ မောင်မောက်တို့ စသည်ဖြင့် နာမည်မျိုးစုံ ရှိတယ်။ လူတွေကို တကယ်ကို ပိုက်ဆံလိမ်ယူနေတာ။ ဒါတွေကို နောက်ယောင်ခံလိုက်မယ်ဆိုရင် ဘာမှခတ်တဲ့ ကိစ္စမဟုတ်ဘူး။ ဒါကို ဘယ်လိုမျိုးအရေးယူမလဲ။ ဒါလေးတွေ လုပ်ဖို့လည်း တောင်းဆိုလိုပါတယ်။

 

ဦးရဲသူရသက် (ဆိုက်ဘာ လုံခြုံရေး ပညာရှင်)

အတိုင်းအတာတစ်ခုအထိ လုပ်ပိုင်ခွင့် ရှိသူတွေက Communication Channel တွေကို Intercept လုပ်လို့ရတယ်။ ဘယ်အတိုင်းအတာအထိ လုပ်လို့ ရလဲဆိုတာကိုတော့ ကျွန်တော် ထင်တယ်။ အခြေခံ ဥပဒေတွေပေါ်မှာ မှုတည်မှာပေါ့။ အများအားဖြင့်တော့ ဒီလူတစ်ယောက် ဒီဖုန်းနံပါတ်ကို ဘယ် အချိန်မှာ ခေါ်တယ်ဆိုတာကို ခွင့်ပြုတယ်။ ဒီလူတစ်ယောက် ဒီဝက်ဘ်ဆိုက်ကို ဘယ်အချိန်မှာ Accept လုပ် တယ်ဆိုတာကို ခွင့်ပြုတယ်။ ဒါပေမဲ့ ဖုန်းစကားက ဘာတွေ ပြောတယ်ဆိုတာကို ခွင့်မပြုဘူး။ ဝက်ဘ်ဆိုက်မှာ သူဘာတွေ ကြည့်သွားတယ် ဆိုတာ ခွင့်မပြုဘူး။

 

ဦးရာဝီ (အိုင်တီပညာရှင်)

Facebook Safty ဆိုတာကို Search box ထဲမှာ သွားရှာလိုက်ရင် Safe ဖြစ်အောင် ဘယ်လိုမျိုး သုံးလို့ရလဲဆိုတာကို ပေါ်လာပြီ။ ကျွန်တော်တို့ တာဝန်သိသိ
သုံးမယ်။ Share လုပ်မယ် အကြောင်း။ ဖေ့စ်ဘုတ် စသုံးရင် ကိုယ့်အကောင့်ကို ကိုယ်ကပိုင်ရမယ်။ တော်တော်များများက ဆိုင်ကနေ ဖွင့်ပေးလိုက်ကြတာဆိုရင် အကောင့်ကို ကိုယ်မပိုင်ဘူး။ တစ်ခြားလူက ပိုင်တယ်။ အဲဒါ ကို အရင်ဆုံး သေချာပေါက် စစ်ရမယ်။ သွားကြည့်လိုက် အီးမေးလ် ကိုယ့်ဟာမဟုတ်ဘူး။ ဖုန်းနံပါတ်က ကိုယ့်ဟာ မဟုတ်ဘူး။