Firefox Hello နှင့် Pocket feature ကို Firefox browser ပေါ်မှ ဖယ်ရှားခြင်း

img_55f867bb233ad.jpg

နောက်ပိုင်းထွက်ရှိတဲ့ Firefox Browser မှာ Firefox အသုံးပြုသူတွေ အချင်းချင်း အပြန်အလှန် Video Chat ပြုလုပ်နိုင်မယ့် Hello နဲ့ မိမိဖတ်ချင်တဲ့ အကြောင်းအရာများကို လတ်တလော မဖတ်နိုင်တဲ့အခါမှာ ခေတ္တသိမ်းဆည်း ပေးထားနိုင်မယ့် Pocket ဆိုတဲ့ feature ကို Firefox ရဲ့ Toolbar မှာထည့်သွင်း ပေးထားပါတယ်။

အဆိုပါ feature တွေကို disable  ပြုလုပ်ချင်သူတွေ အနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းနှစ်ခုအတိုင်း နှစ်သက်ရာကို ရွေးချယ်ပြီး disable ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Firefox browser ကိုဖွင့်လိုက်ပါ။ ပြီးသွားရင် address bar မှာ about:config ဆိုတဲ့ command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ အဆိုပါ command ကိုရိုက်ထည့် ပြီးသွားရင် အောက်ဘက်မှာရှိတဲ့ I’ll be careful , I promise! ဆိုတဲ့ button ကို နှိပ်လိုက်ပါ။

ပြီးသွားရင် Hello ဆိုတဲ့ Feature ကို Disable ပြုလုပ်ဖို့အတွက် Search box မှာ Loop.enable ဆိုတဲ့ Keyword ကိုရိုက်ထည့်ရပါမယ်။ အဆိုပါ keyword ဟာ Hello ဆိုတဲ့ feature ကို အလုပ်လုပ်ဆောင်ပေးတဲ့ keyword ဖြစ်ပါတယ်။ Loop.enable ဆိုတာကို တွေ့ပြီဆိုရင် default အနေနဲ့ Value မှာ true ဆိုတာကို ပြထားပါလိမ့်မယ်။ Double-click ပြုလုပ်လိုက်တဲ့ အခါမှာတော့ အဆိုပါ value ဟာ false ဆိုတာကို ပြောင်းသွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Pocket feature ကို ဖယ်ရှားဖို့ အတွက်ကတော့ search box မှာ pocket.enable ဆိုတဲ့ keyword ကိုထည့်သွင်း ပေးရပါမယ်။ pocket.enable ကို search box မှာရိုက်ထည့်ပြီးရင် browser.pocket.enable ဆိုတာကို တွေ့မြင်ရပါမယ်။ click ပြုလုပ်လိုက်ပါ။default အနေနဲ့ဆိုရင် true ဆိုပြီး မြင်ရပါမယ်။ double-click ပြုလုပ်ပြီး false လို့ပြောင်းလိုက်ပါ။

အထက်ပါအတိုင်း လုပ်ဆောင်ပြီးရင် Hello နှင့် Pocket feature ကို disable ပြုလုပ်တဲ့ ပထမနည်းလမ်း ပြီးသွားပြီဖြစ်ပါတယ်။ ဒုတိယ နည်းလမ်းကတော့ အဆိုပါ fatureတွေကို disable ပြုလုပ်တာ မဟုတ်ဘဲ Toolbar ပေါ်ကနေ ဖယ်ရှားတဲ့နည်းလမ်း ဖြစ်ပါတယ်။ အဆိုပါ Hello နှင့် Pocket icon တွေပေါ် Right-click ပြုလုပ်လိုက်ပါ။ ပြီးသွားရင် remove from toolbar ဆိုတာကို ရွေးချယ်ပေးလိုက်ရင် Hello နှင့် Pocket feature ကို Toolbar ပေါ်မှ remove ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။