Albert Launcher အား Ubuntu တွင် ထည့်သွင်းခြင်း

albert-search-engine-tweaks.jpg

Albert Launcher ဆိုတာကတော့ Ubuntu OS ရဲ့ Desktop ပေါ်ကနေ ဖိုင်တွေကို ရှာဖွေချင်တာပဲဖြစ်ဖြစ် ဝက်ဘ်ဆိုက်တွေကို အသုံးပြုချင်တဲ့အခါ Shortcut နှိပ်ပြီး Keyword အတိုလေးတွေ ရိုက်ထည့်လိုက်ရုံနဲ့ ကိုယ်အသုံးပြုချင်တဲ့ လုပ်ငန်းတွေကို အလျင်အမြန် လုပ်ဆောင်ပေးနိုင်မယ့် Laun-cher တစ်ခုဖြစ်ပါတယ်။ Application တွေကို Run တဲ့အခါမှာပဲဖြစ်ဖြစ်၊ ဖိုင်တွေကိုရှာဖွေတဲ့ အခါမှာပဲဖြစ်ဖြစ် လျင်လျင်မြန်မြန်နဲ့ အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။

Albert ကိုထည့်သွင်းဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင်  Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade  နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

ပြီးသွားရင်တော့ Terminal မှာ Albert Launcher ကို ထည့်သွင်းဖို့အတွက်

sudo add-apt-repository ppa:nilarimogard/webupd8

sudoapt-get update

sudoapt-get install albert

ဆိုတဲ့ Command တွေကို အသုံးပြုရပါမယ်။

Albert ကို ထည့်သွင်းပြီးသွားရင် Dash Home ရဲ့ Search မှာ Albert ဆိုတဲ့ Keyword ကို ရိုက်ထည့်လိုက်ပါ။ Albert ပေါ်လာရင် ကလစ်နှိပ်ပြီး ဖွင့်လိုက်တာနဲ့ Hotkey ကို ထည့်သွင်းဖို့အတွက် Error box တစ်ခုပြပါလိမ့်မယ်။ အဆိုပါနေရာမှာ Ok ကို နှိပ်လိုက်ပါ။

ဒါဆိုရင် Albert Settings ဆိုတဲ့နေရာကို ရောက်သွားပါလိမ့်မယ်။ Hotkey ကို သတ်မှတ်ဖို့အတွက် မိမိနှစ်သက်ရာ Key ကို ရွေးချယ်သတ်မှတ် နိုင်ပါတယ်။ ဥပမာ Shift + M သတ်မှတ်ထား လိုက်ပါမယ်။  ပြီးသွားရင် Modules ဆိုတဲ့ Tab ကိုနှိပ်လိုက်ပါ။  Web Search ဆိုတဲ့နေရာမှာ Default အနေနဲ့ Google, Youtube, Amazon, Ebay ဆိုပြီး ဝက်ဘ်ဆိုက်လေးခုကို ထည့်သွင်းပေးထားပါတယ်။ Shortcut အနေနဲ့ Google ဆိုရင် gg  ဆိုပြီး ဖော်ပြပေးထားပြီး၊ Youtube ဆိုရင် yt ဆိုပြီး ဖော်ပြပေးထားပါတယ်။

ကိုယ်အသုံးပြုနေကျ ဝက်ဘ်ဆိုက်တွေကို ထည့်သွင်းမယ်ဆိုရင် New button ကို နှိပ်လိုက်ပါ။ Name နေရာမှာ အဆိုပါ ဝက်ဘ်ဆိုက်ရဲ့ နာမည်ကိုထည့်ပေးရပါမယ်။ Shortcut နေရာမှာတော့ အတိုကောက်ပေးမယ့် keyword ကို ထည့်သွင်းရပါမယ်။ URL နေရာမှာတော့ အဆိုပါ ဝက်ဘ်ဆိုက်ရဲ့ လိပ်စာကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဒီအဆင့်ပြီးသွားရင် Web အတွက် ရှာဖွေဖို့ shortcut key တွေကို သတ်မှတ်လို့ ပြီးပါပြီ။ အခြားဆော့ဖ်ဝဲတွေ၊ ဖိုင်တွေကို ရှာဖွေမယ်ဆိုရင်လည်း နှစ်သက်သလို ပြင်ဆင်ထားနိုင်ပါတယ်။

ဝက်ဘ်ဆိုက်တွေကို အတိုကောက် အသုံးပြုဖို့အတွက် hot key ဖြစ်တဲ့ Shift + M ကို Desktop ပေါ်မှာ နှိပ်လိုက်ပါ၊ search box ပေါ်လာရင် စာလုံးအတိုကောက် ရိုက်ထည့်ပြီး အလွယ်တကူ ရှာဖွေနိုင်ပြီဖြစ်ပါတယ်။