Horror Action ဂိမ်းသစ် Escape Dead Island

Escape_Dead_Island.jpg

နာမည်ကျော် Open World Zombie ဂိမ်း Dead Island စီးရီး၏ Spin-off ဂိမ်းဖြစ်ပြီး Dead Island နှင့် အသစ်ထွက်ရှိလာမည့် Dead Island 2 ကြားအချိန်တွင် ဇာတ်လမ်းဆင်ထားသော Horror Action ဂိမ်းသစ် Escape Dead Island ကို PC၊ PS3 နှင့် Xbox 360 ဂိမ်းစက်များတွင်ကစားနိုင်ပြီဖြစ်ကြောင်း သိရသည်။

Killer is Dead နှင့် Afro Samurai ဂိမ်းများကဲ့သို့ ကာတွန်းဆန်သည့် Cel Shaded Graphics ကို အသုံးပြုထားသောကြောင့် ပုံမှန် Zombie ဂိမ်းများနှင့်မတူဘဲ အမြင်ဆန်းနေမည်ဖြစ်သည်။ Zombie outbreak ၏ မူလဇစ်မြစ်အား ရှာဖွေရမည့်စိတ်ဝင်စားဖွယ် ဇာတ်လမ်းပါဝင်ထားသလို Xian Mei ကဲ့သို့  မူလဂိမ်းမှ ဇာတ်ကောင်များလည်း ပါဝင်ထားကြောင်း သိရသည်။

Escape Dead Island ဂိမ်းနှင့်အတူ နောက်ဆုံးထွက် ဂိမ်းသစ်များကို GAME HIVE ဖုန်း ၀၉-၇၃၁၁၈၅၅၀ နှင့် ၀၉၄၅၀၀၄၁၅၀၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။