Amazon Fire HD 8

Amazon-Fire-HD-8-SH-cnet-2015oct13(3).jpg

USD –  149.99

အသေးစိတ်ဖော်ပြချက်

Amazon Fire HD 8 သည် မိသားစုများအတွက် ရည်ရွယ်၍ ထုတ်လုပ်ထားသော tablet ဖြစ်သည်။ ၎င်း tablet ကို Prime account တွဲဖက်လျှင် ဂိမ်းများ၊ တီဗီအစီအစဉ်နှင့် ရုပ်ရှင်များကို အခမဲ့အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။ ထို့အပြင် tablet အတွင်း စာအုပ်များ ရွေးချယ်၍ download ပြုလုပ်နိုင်သည့် Kindle Unlimited ဝန်ဆောင်မှု ပါဝင်သလို စာအုပ်များလျင်မြန်စွာ ဖတ်ရှုနိုင်မည့် Word Runner feature လည်း ပါဝင်လာသည်။ မိဘဖြစ်သူများက Amazon FreeTime ၏ အကူအညီဖြင့် tablet မှ စာအုပ်၊ ဗီဒီယို၊ ဂိမ်းနှင့် app များကို ကန့်သတ်မှုများအတွင်း အသုံးပြုစေနိုင်မည် ဖြစ်သည်။

မျက်နှာပြင် အရွယ်အစား ၈.၄ လက်မရှိ Amazon Fire HD 8 ၏ အထူမှာ ၀.၃ လက်မ (၇.၇ မီလီမီတာ) နှင့် အလေးချိန်မှာ ၀.၆၈ ပေါင် (၃၁၁ ဂရမ်) သာရှိသည်။ အဆိုပါ tablet ကို အနက်၊ ခရမ်း၊ လိမ္မော်နှင့်အပြာဟူ၍ အရောင် ၄ မျိုး ထုတ်လုပ်ထားသည်။ Fire HD 8 tablet တွင် Android အခြေခံ Fire OS 5 Bellini  operating system ကိုအသုံးပြုထားသည်။ Amazon အနေဖြင့် Fire HD 8 tablet ကို 8GB ဗားရှင်းနှင့် 16GB ဗားရှင်းဟူ၍ ၂ မျိုးထုတ်လုပ်ထားသည်။ ၎င်းမော်ဒယ် ၂ မျိုးတွင် microSD ကတ်ပေါက်များ ပါဝင်ကာ 128GB အထိတိုးချဲ့ အသုံးပြုနိုင်သည်။ Amazon Fire HD 8 တွင် MediaTek ARM Cortex A15 quad-core 1.2 GHz နှစ်ခုနှင့် 1.5 GHz နှစ်ခုပါဝင်သော CPU, PowerVRR ogure G6200 GPU, RAM 1GB တို့ ပါဝင်လာသည်။

အားသာချက်

Amazon Fire HD 8 သည် ဈေးနှုန်းသက်သာပြီး storage များ တိုးချဲ့အသုံးပြုနိုင်ရန် microSD ကတ်ပေါက် ပါဝင်သည်။ ၎င်း tablet ၏ မျက်နှာပြင်မှာ တောက်ပပြီး စပီကာမှာလည်း အသံအရည်အသွေး သင့်တင့်မှုရှိသည်။ Amazon Prime အဖွဲ့ဝင်များသည် Prime library တွင် ရုပ်ရှင်နှင့် တီဗွီအစီအစဉ်များ ကြည့်ခြင်းအပြင် download လည်းပြုလုပ်နိုင်သည်။ ထို့အပြင် Prime အဖွဲ့ဝင်များသာ အခမဲ့ရယူနိုင်သည့် ဂိမ်းများရှိသည်။ Amazon Fire HD 8 ကို ကလေးငယ်များ အသုံးပြုနိုင်ရန် parental control များပါဝင်သည်။

အားနည်းချက်

Amazon Fire HD 8 ကို ပလတ်စတစ် ကိုယ်ထည်ဖြင့် ဖန်တီးထားသည်။ ဖိုင်အရွယ်အစား ကြီးမားသည့် ဂိမ်းများ load ပြုလုပ်ရာတွင် နှေးကွေးပြီး ဂိမ်းဆော့ရာတွင် ထစ်ငေါ့မှုများရှိသည်။ ထို့အပြင် app သို့မဟုတ် ဗီဒီယိုများ download ပြုလုပ်သည့် စွမ်းဆောင်ရည်မှာလည်း နှေးကွေးသည်။ သုံးစွဲသူများအနေဖြင့် tablet ၏ အားသာချက်ဖြစ်သည့် အရာများကို သုံးစွဲရန် Amazon Prime အဖွဲ့ဝင်ဖြစ်ရန်လည်း လိုအပ်သည်။

ဘက်ထရီ

Fire HD 8 ၏ ဘက်ထရီသက် တမ်းမှာ ပျှမ်းမျှ ၈ နာရီခန့် အသုံးပြုနိုင်ကြောင်း Amazon မှ ပြောကြားခဲ့သည်။

-Ref: CNET