Sakura-Insein Technical Course သင်တန်း အမှတ်စဉ် (၃)အတွက် သင်တန်းသားခေါ်ယူ

Myanmar-AGTI-Society_SMT_Myanmar-AGTI-Society-Facebook-Page_News_2015Oct16.jpg

ဂျီတီအိုင်ကျောင်းသားဟောင်းများ အသင်း (AGTI Society) မြန်မာနှင့် Kinden Corporation (ဂျပန်) Sumitomo Corporation (ဂျပန်) တို့မှ ပူးပေါင်းဆောင်ရွက် မှုအစီအစဉ်အဖြစ် (ယခင်) အင်းစိန်၊ စက်မှုလက်မှုသိပ္ပံကျောင်းဝင်း အတွင်းသင်ကြားမည့် Sakura-Insein Technical Course သင်တန်း အမှတ်စဉ် (၃) ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရသည်။

သင်တန်းတွင် Commerical Electrical Wiring Course အတွက် သင်တန်းသားဦးရေ ၃၀၊ Electical  Power  Distribution  Line Course အတွက် ၁၀ ဦးလက်ခံပေးမည်ဖြစ်ပြီး သင်တန်းကာလ ၇ လကြာမြင့်မည်ဖြစ်သည်။

သင်တန်းသို့ တက်ရောက်လိုသူများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်း အဆင့် သင်ကြားဖူးသူ ဖြစ် ရမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် အသက် ၁၇ နှစ်ပြည့်ပြီး အသက် ၂၃ ထက်မကြီးသူဖြစ်ရမည် ဖြစ်သည်။

လျှောက်လွှာများကို Sakura-Insein Technical Course တည်ရှိရာ AGTI Vocational Training Centre (ယခင် GTI Campus)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ ရွာမ၊ အင်းစိန်၊ ရန်ကုန်မြို့နှင့် GTI ကျောင်းသားဟောင်းများအသင်း (ရုံး)၊ အမှတ် ၃၀၃၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (တတိယထပ်)၊ လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် အခမဲ့ ထုတ်ယူနိုင်မည်ဖြစ်ပြီး  ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက် မတိုင်မီ လျှောက်ထားရမည်ဖြစ်သည်။

အသေးစိတ် သိရှိလိုပါက ကျောင်းအုပ်ချုပ်ရေးရုံးခန်း ဖုန်း-၀၁-၅၁၉၈၆၃၊ ၀၁-၆၄၃၆၆၃၊ ၀၉-၅၀၅၆၇၁၇ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်။