PlayStation 4 အတွက် Assassin´s Creed unity ဂိမ်းခွေထွက်ရှိ

AC-unity.jpg

Assassin´s Creed ပရိသတ်အတွက် ယခုလအတွင်း Assasin´s Creed Rogue  နှင့် unity ဂိမ်းခွေနှစ်ခွေ ထွက်ရှိလာသည်။

“AC Rogue က PS3 နဲ့ Xbox 360 အတွက် ထွက်ရှိပြီး AC unity ကတော့ PS4 နဲ့ Xbox One မှာ ထွက်ရှိထားပါတယ်။ AC unity ကို နိုင်ငံ ၇ နိုင်ငံမှ ubisoft ရဲ့ developer တွေ ဖန်တီးထားပြီး
ubisoft မှပဲ ပြန်လည် ဖြန့်ချိထားတာ ဖြစ်ပါတယ်။ Action game အမျိုးအစားဖြစ်ပြီး Rating က Mature 17+ ဖြစ်ပါတယ်။ AC unity ဟာ ၁၇၈၉  ပြင်သစ်ပြည်တွင်းစစ်အချိန်မှာ ရောက်ရှိနေပြီး ဇာတ်ကောင် Arno ဟာ ဆင်းရဲသားပြည်သူဘက်ကနေ ရပ်တည်ပေးတဲ့ လူသတ်သမားအနေနဲ့ ကစားရမှာ ဖြစ်ပါတယ်။ Game engine အသစ်၊ ရုပ်ထွက်ကောင်းကောင်း၊ ဇာတ်လမ်းကောင်းကောင်း၊ ဂိမ်းကောင်းကောင်း ဖန်တီးပေးထား တယ်လို့ ubisoft က ဆိုထားပါတယ်” ဟု  PHYO IT PLAZA (MOBILE, CAMERA, GAME) မှ သိရသည်။

အသုံးပြုလိုပါက PHYO IT PLAZA (MOBILE, CAMERA, GAME) ၀၂-၃၃၄၃၁ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။