Jelly Reef

Jelly.jpg

သမုဒ္ဒရာအတွင်းရှိ Jellyfish လေးများကို ရေစီးအတိုင်းစီးမျောရင်း အန္တရာယ်များနှင့် မတွေ့စေရန်၊ ထိခိုက်မှုမရှိစေရန်အတွက် ထိန်းကျောင်းကစားပေးရမည့် ဂိမ်းအမျိုးအစား ဖြစ်သည်။ Jelly Reef ဂိမ်းသည် graphic ပိုင်းကို အရောင်အသွေး စုံလင်လှပအောင် ဖန်တီးပေးထားသဖြင့် ကစားချင်စဖွယ်ဖြစ်အောင် ဖန်တီး ပေးထားသည်။

အဆိုပါဂိမ်းကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 6.0 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။