SnapTube

Snap.jpg

Android OS အသုံးပြုသူများ YouTube ပေါ်မှ ဗီဒီယိုဖိုင်များကို download ပြုလုပ်လိုသည့်အခါ အသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ အဆိုပါ SnapTube app သည် ဗီဒီယိုဖိုင်များနှင့် MP3 ဖိုင်များကိုလည်း ရှာဖွေပေးနိုင်မည်ဖြစ်ပြီး download ပြုလုပ်သည့်ဖိုင်များကို manage ပြုလုပ်ပေးနိုင်ရန် စီစဉ်ပေးထားသည်။

ထည့်သွင်းအသုံးပြုလိုသူများအနေဖြင့် အခမဲ့ရယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 2MB ခန့်သာ ရှိမည်ဖြစ်သည်။ အဆိုပါ app သည် 1080p အရည်အသွေးရှိသည့် ဗီဒီယိုဖိုင်များကိုလည်း download ပြုလုပ်နိုင်ရန်အတွက် အထောက်အပံ့ပေးထားသည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။