Password မလိုဘဲ သုံးနိုင်မည့် အဆင့်မြှင့်ထားသော Mail app ကို Yahoo မိတ်ဆက်

12087309_10153242861592825_8771682683265749408_o.jpg

Yahoo သည် password ထည့်သွင်းသည့် အဆင့် မလိုအပ်ဘဲ ၎င်း၏ အီးမေးလ်ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန် အတွက် မိုဘိုင်း application upate တစ်ခုကို ဖြန့်ချိခဲ့သည်။

အဆိုပါ app ကို ကြာသပတေးနေ့က iPhone နှင့် Android ထုတ်ကုန်များအတွက် ဖြန့်ချိပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းတွင် ပါဝင်လာသည့် Account Key ဟု ခေါ်သော option သည် သုံးစွဲသူ၏ အီးမေးလ် account များကို sign in လုပ်ရာတွင် password ထည့်သွင်းရန် မလိုဘဲ စမတ်ဖုန်းများထံ notification တစ်ခု ပေးပို့ခြင်းဖြင့် ပြုလုပ်နိုင်သည်။

လူအများစုသည် ဟက်ကာများက အလွယ်တကူ ခန့်မှန်းနိုင်သော password များကို အသုံးပြုနေကြသောကြောင့် ၎င်း feature သစ်က ပိုမိုလုံခြုံမှု ရှိစေမည် ဖြစ်ကြောင်း Yahoo က ပြောကြားခဲ့သည်။

Yahoo email သည် ကမ္ဘာ့အကျော်ကြားဆုံးအဖြစ် ရပ်တည်နေသော်လည်း လတ်တလောနှစ်များတွင် Google ၏ Gmail ကြာင့် နာမည်ကျော်ကြားမှု မှေးမှိန်ခဲ့သည်။ Yahoo ၏ email ကို သုံးစွဲသူသည် သြဂုတ်လတွင် သန်း ၁၉၀ ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် သြဂုတ်လထက် ၁၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ Gmail ကို သုံးစွဲသူမှာ ၄၁၁ သန်းရှိပြီး ၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သုတေသနအဖွဲ့ comScore မှ ဖော်ပြခဲ့သည်။

Ref: ABCNews