Powerbank Flashlight

Powerbank-Flashligh.jpg

ပြန်လည်အားသွင်းနိုင်သော 3.7 V Lithium ဓာတ်ခဲကို အသုံးပြုထားသော ဓာတ်မီးငယ်ဖြစ်သော်လည်း ခေတ်စနစ်နှင့် ကိုက်ညီအောင် ဟန်းဆက်အပါအဝင် အားသွင်းပစ္စည်းများကို ပြန်အားသွင်းပေးနိုင်မည့်
Super Bright အမျိုးအစားဖြစ်သည်။ မီးလင်းအားကောင်းသော CREE အမျိုးအစား LED မီးလုံးကို အသုံးပြုထားပြီး မှန်ဘီလူးပါ ပါဝင်သည့်အတွက် ပိုပြီးလင်းအားကောင်းစေပြီး 180 Lumens အထိ အလင်းအားရနိုင်မည် ဖြစ်သည်။ မီးလုံးသက်တမ်း နာရီတစ်သိန်းအထိ အသုံးပြုနိုင်မည်ဖြစ်သည်။ ဓာတ်မီးအလင်းရောင်ကို အလင်း၊ အမှိန်အပြင် အချက်ပြအဖြစ်ပါ အသုံးပြုနိုင်မည် ဖြစ်သည်။ အားသွင်းဓာတ်ခဲမှာ Lithium ဓာတ်ခဲဖြစ်သည့် အပြင် စစ်ဘက်သုံးအဖြစ်ပါ ရည်ရွယ်သည့်အတွက် High Energy နှင့်ဖြစ်ပြီး Memory Free စနစ်ပါထည့် ပေးထားသည်။ အရေးပေါ်လိုအပ်သည့်အချိန်တွင် AAA အရွယ်ဓာတ်ခဲ သုံးလုံးနှင့်ပြောင်းလဲသုံးနိုင်မည့် Bat-tery holder လည်း ပူးတွဲပါဝင်သည်။ Aluminium Alloy ဖြင့် ကိုယ်ထည်ကိုပြုလုပ်ထားပြီး USB Port ဖြင့် DC 5V Output ထုတ်ပေးနိုင်သည့်အတွက် လက်ကိုင်ဖုန်းမျိုးစုံကို အားပြန်သွင်းပေးနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ကျပ် ၂ဝ,ဝဝဝ ဝန်းကျင်ဖြစ်ပြီး New Life ဖုန်း ၀၉-၄၃၁၆၄၆၃၂ နှင့် ၀၉-၂၅၄၇၁၇၁၁၆ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။