One Plus Mini အချက်အလက်များ Amazon India တွင် ထွက်ပေါ်လာ

12143268_10153239705052825_3155767127695991502_n.jpg

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက FCC မှတစ်ဆင့် OnePus Mini ဓာတ်ပုံထွက်ပေါ်လာခဲ့ပြီးနောက် ယခုအခါ Amazon ၏ အိန္ဒိယရုံးခွဲ ဝက်ဘ်စာမျက်နှာတွင် အဆိုပါ ဟန်းဆက်၏ အချက်အလက်များ ထပ်မံထွက်ပေါ်လာခဲ့သည်။

Amazon India စာမျက်နှာတွင် OnePlus Mini ၏ ဓာတ်ပုံကို ဖော်ပြထားခြင်း မရှိသော်လည်း ဖုန်း၏အမည်ကို အတည်ပြု ဖော်ပြခဲ့သည်။ ထို့အပြင် ယခင်က ကောလာဟလအဖြစ် ထွက်ပေါ်ခဲ့သော ဖုန်း၏ အချက်အလက်များကိုလည်း အတည်ပြု ဖော်ပြခဲ့သည်။

OnePlus Mini တွင် Apple ၏ 3D Touch ကဲ့သို့ display ဖိအားကို သိရှိနိုင်သော Synaptics ClearForce နည်းပညာနှင့် Gorilla Glass 3 ဖြင့် အသုံးပြုနိုင်မည့် ၅ လက်မ 1080p touchscreen ပါဝင်လာမည် ဖြစ်သည်။

MediaTek MT6795 chipset ကို အသုံးပြုထားပြီး 2.2 GHz octa-core Cortex-A53 CPU နှင့် PowerVR G6200 GPU ဖြင့် အသုံးပြုနိုင်မည်ဟု ဖော်ပြထားသည်။ RAM မှာ 2GB ဖြစ်ပြီး ဘက်ထရီက 2,450 mAh ဖြစ်သည်။ Operating system က နောက်ဆုံးပေါ် Android 6.0 Marshmallow နှင့် Oxygen OS 3.0 ဖြစ်သည်။

သတင်းပေါက်ကြားထွက်ပေါ်လာသော ဓာတ်ပုံများတွင် ပါဝင်သည့် သတ္တုဘောင်ကို အတည်ပြုခဲ့ပြီး Side Touch လုပ်ဆောင်ချက် ပါဝင်လာမည်ဟု ဖော်ပြခဲ့သည်။

သို့ရာတွင် ၎င်းကို ဖိတ်ကြားခံရသူများသာ ဝယ်ယူနိုင်မည်ဟု ဖော်ပြထားသောကြောင့် OnePlus အနေဖြင့် လူအများ မနှစ်သက်သော ထုတ်ကုန်ဖြန့်ချိသည့်စနစ်ကို ဆက်လက်ကျင့်သုံးဖွယ်ရှိသည်။

Ref: GSMArena