msi Z97 PC Mate Motherboard

msi-Z97-PC-Mate-Motherboard-TD-online-new-product-2015OCT-8.jpg

MSI Z97 PC Mate Motherboard တွင် Intel Socket 1150 ၏ Chipset ဖြစ်သော Z97 Express ကို အသုံးပြုထားပြီး လက်ရှိအသုံးပြုနေသော 4th Gen CPU နှင့် 5th Generation (Core i7) CPU  အထိ အသုံးပြုနိုင်မည်ဖြစ်သည်။ Memory အတွက် Dual Channel DDR3 1066 မှ DDR3 3000 အထိ ထောက်ပံ့ပေးနိုင်သော DIMM Slot ၄ ခုပါဝင်ပြီး အမြင့်ဆုံး 32GB အထိ တပ်ဆင်နိုင်မည်ဖြစ်သည်။ SATA ထောက်ပံ့မှုပိုင်းတွင် SATA3 6Gbps Port ၆ ခု အပြင် M2 port ကို ထည့်သွင်းထားပြီး အဆိုပါ M2 port မှ  SSD Express card နှင့် M2 မှ  SATA ပြောင်းနိုင်သော M2 to SATA Express Card ကို တပ်ဆင်အသုံးပြုနိုင်မည်ဖြစ်သည်။ M2 ကို အသုံးပြု ခြင်းဖြင့် ပုံမှန် SATA3 ထက် Boost up time နှင့် Application loading time ကို ၆၇ ရာခိုင်နှုန်းပိုမိုမြန်ဆန်စေမည်ဟု သိရသည်။PCIe (3.0) x16 slot နှစ်ခု ပါဝင်ပြီး Multi GPU နည်းပညာဖြစ်သည့်  AMD ၏ CrossFireX Technology အတွက် ထောက်ပံ့ပေးထားသည်။ PCI-Ex1 slot နှစ်ခုနှင့်  Audio နှင့် Video ဆိုင်ရာ Professional card များကို အသုံးပြုလိုသူများအတွက် PCI Slot နှစ်ခုပါရှိသည်။ I/O port များအနေဖြင့် USB 3.0 Port လေးခု ၊ USB 2.0 Port ရှစ်ခု ၊ GB LAN port, HDMI port, VGA port, DVI port, Audio (6+Optical SPDIF) port များပါဝင်သည်။ တန်ဖိုးမှာ ကန်ဒေါ်လာ ၁၃၃ ဖြစ်ပြီး Royal Smart Co.,Ltd ဖုန်း- ၀၉၇၃၀၂၀၉၈၁ ၌ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်သည်။