Android Wear စမတ်နာရီကို နိုဝင်ဘာလတွင် Tag Heuer ပွဲထုတ်မိတ်ဆက်မည်

12109191_10153238029397825_3788014119349093808_n.jpg

ဆွစ်နာရီကုမ္ပဏီ Tag Heuer သည် ကုမ္ပဏီ၏ Android Wear စမတ်နာရီသစ်ကို နိုဝင်ဘာလ ၉ ရက်၌ နယူးယောက်မြို့ရှိ LVMH တာဝါတွင် ပွဲထုတ်မိတ်ဆက်မည် ဖြစ်သည်။

Tag Heuer Connected ဟုခေါ်သော အဆိုပါ စမတ်နာရီသည် နာမည်ကျော် Tag Carrera ပေါ်တွင် အခြေခံထားပြီး တန်ဖိုးမှာ ဒေါ်လာ ၁,၈၀၀ ဝန်းကျင်ဖြစ်ကြောင်း ပြီးခဲ့သည့်လက CNBC နှင့်ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် Tag အမှုဆောင်အရာရှိချုပ် ဂျိန်းကလော်ဒီဘိုင်ဗာက ပြောကြားခဲ့သည်။

Connected ၏ ဝက်ဘ်ဆိုက်သစ်တွင် ပွဲထုတ်မိတ်ဆက်မည့် အချိန်နှင့်အတူ တီထွင်ဆန်းသစ်ပြီး လက်ရာမြောက်သော ထုတ်ကုန်ဟု ဖော်ပြထားသည်။

Tag သည် ဈေးကွက်သို့ တန်ဖိုးမြင့် Android Wear စမတ်နာရီ ဖြန့်ချိရန်အတွက် မတ်လက Google နှင့် လက်တွဲခဲ့ပြီး အတွင်းအစိတ်အပိုင်းများအတွက် ချစ်ပ်ကုမ္ပဏီ Intel ၏ အကူအညီ ရယူခဲ့ခြင်း ဖြစ်သည်။

Ref: TheVerge