OnePlus စမတ်ဖုန်းများကို အိန္ဒိယ၌ မကြာမီ ထုတ်လုပ်တပ်ဆင်မည်

12074776_10153237937152825_2391027361314771824_n.jpg

တရုတ်ဟန်းဆက်ကုမ္ပဏီ OnePlus သည် ကမ္ဘာ့အတိုးတက်ဆုံး စမတ်ဖုန်းဈေးကွက်တစ်ခုဖြစ်သော အိန္ဒိယ၌ အစိတ်အပိုင်းများ တပ်ဆင်ရန်အတွက် Foxconn နှင့် ပူးပေါင်းခဲ့သည်။

အန်ဒရာပရာဒက်ရှ်ပြည်နယ်ရှိ Foxconn ၏ Sri City စက်ရုံမှ ထုတ်လုပ်မည့် ပထမအသုတ် စမတ်ဖုန်းများကို ယခုနှစ်ကုန်တွင် တင်ပို့ရောင်းချမည်ဟု သိရသည်။

“အိန္ဒိယမှာ စမတ်ဖုန် ထုတ်လုပ်ဖို့က OnePlus ရဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ အဲ့ဒီအတွက် အန်ဒရာပရာဒက်ရှ်အစိုးရနဲ့ Foxconn တို့ကို ကျေးဇူးတင်ပါတယ်” ဟု OnePlus တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ပီတီလောက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းက “အိန္ဒိယဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာ့အကြီးဆုံး ဈေးကွက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီအပြောင်းအလဲက ကျွန်တော်တို့ရဲ့ ရပ်တည်မှုကို ပိုမိုခိုင်မာစေပြီး အရှိန်အဟုန်နဲ့ တိုးတက်စေဖို့အတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်” ဟု ဆိုခဲ့သည်။

အိန္ဒိယသည် လာမည့် နှစ်အနည်းငယ်အတွင်း ဒုတိယအကြီးဆုံး ဈေးကွက်ဖြစ်သော အမေရိကန်ကို ကျော်တက်ရန် ဟန်ပြင်လျက်ရှိသည်။ အိန္ဒိယ၏ ဧပြီလမှ ဇွန်လအထိ စမတ်ဖုန်း တင်ပို့ရောင်းချမှုသည့် ၄၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အရေအတွက်အားဖြင့် ၂၆.၅ သန်း ရှိခဲ့ကြောင်း IDC သုတေသနအဖွဲ့မှ ဖော်ပြခဲ့သည်။

Ref: TimesofIndia