Ubuntu OS 15.04 တွင် Tomahawk Music Player ကို ထည့်သွင်းခြင်း

tomahawk-plugins.jpg

Ubuntu OS 15.04 အသုံးပြုသူတွေအနေနဲ့ Ubuntu OS ပေါ်ကနေ သီချင်းတွေကို နားဆင်ချင်တယ်ဆိုရင် အသုံးပြုနိုင်မယ့် Music Player တစ်ခုဖြစ်ပါတယ်။ Tomahawk Music Player Version အသစ်မှာဆိုရင် User Interface ပြောင်းလဲပေးထားတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Beats Music ကိုလည်း အထောက်အပံ့ ပေးနိုင်အောင် စီစဉ်ဖန်တီး ပေးလိုက်ပါတယ်။

Tomahawk Music Player ကို Ubuntu OS မှာထည့်သွင်း အသုံးပြုဖို့အတွက်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို  Update အရင်ပြုလုပ် ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Tomahawk Music Player ကို Install  ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့-

sudo add-apt-repository

ppa:tomahawk/ppa

sudo apt-get update

sudo apt-get install tomahawk tomahawk-dbg

ဆိုတဲ့ Command တွေပဲဖြစ်ပါတယ်။ ဒီ Command ကို အသုံးပြုပြီးပြီဆိုရင် Ubuntu OS တွင်းသို့ Tomahawk Music Player ကိုစတင် Download ပြုလုပ်ပြီး ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

Tomahawk Music Player ဟာ Google Play Music ကိုလည်း အထောက်အပံ့ ပေးထားမှာ ဖြစ်ပါတယ်။ Web Link တွေကို ထည့်သွင်းပြီး သီချင်းတွေကို နားထောင်နိုင်မှာ ဖြစ်သလို၊ သီချင်းဖိုင်တွေကိုလည်း Drag & Drop ပြုလုပ်ပြီး နားဆင်ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဆန်းပြားတဲ့ သွင်ပြင်ကြောင့် သုံးစွဲသူတွေ စိတ်ကျေနပ်စေမယ့် ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။