Apple Device တွေနဲ့ ဗီဒီယိုဖိုင်တွေကို Download ပြုလုပ်မယ်ဆိုရင်

13_TKK_Screenshot_User-Guide_9Oct2015.jpg

Apple Device တွေနဲ့ Download ပြုလုပ်ချင်တဲ့ သူတွေအတွက်တော့ ဒီဆော့ဖ်ဝဲဟာ အသုံးပြုရတာ အဆင်ပြေပါ လိမ့်မယ်။ ဆော့ဖ်ဝဲရဲ့ နာမည်ကတော့ iDownloader ပါ။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုး ရှိပါတယ်။

ဆော့ဖ်​ဝဲကို ဖွင့်လိုက်ရင်တော့ ခုလိုမျိုးမြင်ရ ပါလိမ့်မယ်။

အောက်ဘက်မှာ အသုံးပြုနိုင်မယ့်စနစ်တွေ တန်းစီပြီးရှိ နေတာမြင်တွေ့ ရပါလိမ့်မယ်။ Browser, Download, Files, Playlists, Settings အစရှိတဲ့ စနစ်တွေကို မြင်တွေ့ရပါလိမ့်မယ်။ Browser ကိုနှိပ်လိုက်ပါ။ ဒါဟာ ကိုယ် Download ပြုလုပ်ချင်တဲ့ ဝက်ဘ်ဆိုက်တွေကို တိုက်ရိုက်ဝင်ပြီး ရှာနိုင်ဖို့အတွက် Browser စနစ်ဖြစ်ပါတယ်။ နှိပ်လိုက်တဲ့ အချိန်မှာတော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

အထက်မှာ မြင်ရမယ့် Browser ဘားတန်းထဲမှာ ကိုယ် Download ပြုလုပ်ချင်တဲ့ ဝက်ဘ်ဆိုက်လိပ်စာကို ရိုက်ထည့်ပြီး ဝက်ဘ်ဆိုက်တွေ ပေါ်ကနေတိုက်ရိုက် Download ပြုလုပ်နိုင်ပါတယ်။

Download ဆိုတဲ့စနစ်ကို နှိပ်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့  Download  ပြုလုပ်နေတဲ့ဖိုင်ကို ပြသနေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ် Download ပြုလုပ်နေသမျှ ဖိုင်အားလုံးကို မြင်တွေ့နိုင်ပါတယ်။

နောက်ထပ် စနစ်တစ်ခုဖြစ်တဲ့ File ဆိုတဲ့စနစ်ထဲကို လေ့လာကြည့်ကြပါမယ်။ File ဆိုတာကတော့ Download  ပြုလုပ်ထားတဲ့ ဖိုင်တွေကိုစုစည်း ဖော်ပြပေးထားတဲ့ နေရာဖြစ်ပါတယ်။ File ထဲကို ဝင်လိုက်ရင်တော့  ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့  Download  ပြုလုပ်လို့ ရထားတဲ့ဖိုင်တွေကို ပြသထားတဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာကနေပြီး ဖိုင်တွေကို တိုက်ရိုက်ဖွင့်ပြီး ကြည့်နိုင်သလို အခြားနေရာ တွေဆီကိုလည်း ရွှေ့ပြောင်းပြီး ထားနိုင်ပါတယ်။

ဒီနေရာမှာ အပေါ်ထိပ်ညာဘက်ထောင့်နားမှာ Sort နဲ့ Edit ဆိုပြီး စနစ်နှစ်ခု ရှိနေပါတယ်။ Edit ကိုနှိပ်လိုက်ရင်တော့ ဖိုင်တွေကို Folder အသစ်လုပ်ပြီးထည့်မလား ဒါမှမဟုတ် File Name ပြောင်းမလား ဆိုတာတွေကို ပြုလုပ်နိုင်ပါလိမ့်မယ်။

Sort ဆိုတဲ့စနစ်ကို နှိပ်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ ဖိုင်တွေကို ဘယ်လိုပုံစံနဲ့ စီစဉ်ထားမလဲ ဆိုတာကို ရွေးချယ်နိုင်တဲ့ နေရာဖြစ်ပါတယ်။ Name, Type, Size, Date အစရှိသဖြင့် စိတ်ကြိုက်ပုံစံမျိုးနဲ့ စီစဉ်ထားနိုင်ပါတယ်။

File ရဲ့ဘေးနားမှာရှိနေတဲ့ Playlists ဆိုတဲ့စနစ်ကို နှိပ်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ ကိုယ်ကြည့်ရှုမယ့် ဖိုင်တွေရဲ့စာရင်းပဲ ဖြစ်ပါတယ်။ Play Lists ထဲမှာ ကိုယ်ကြည့်ရှုနိုင်မယ့် ဖိုင်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Setting ဆိုတဲ့ထဲကို ဝင်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ ဆော့ဖ်ဝဲမှာ ပါဝင်နေတဲ့ အသုံးပြုနိုင်မယ့် စနစ်တွေရှိနေတဲ့ နေရာဖြစ်ပါတယ်။ ဒါကတော့ အောက်ဆုံးဘားတန်းက စနစ်တွေဖြစ်ပြီး အပေါ်မှာ ဒုတိယ ဘားတန်းလေး တစ်ခုရှိနေပါသေးတယ်။ အဲဒီဒုတိယ အပေါ်ဘားတန်း ထဲမှာတော့ အသုံးပြုနိုင်မယ့် စနစ်သုံးခု ရှိနေတာကို မြင်တွေ့ရ ပါ လိမ့်မယ်။

ပထမဆုံး Download သင်္ကေတပုံစံ လေးထောင့်ကွက်လေးကို နှိပ်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ Download ပြုလုပ်ခြင်းတွေကို ပြသပေးတဲ့နေရာ ဖြစ်ပါတယ်။

နောက်ထပ်စနစ် တစ်ခုဖြစ်တဲ့ စာအုပ်လှန်ထားတဲ့ သင်္ကေတပုံစံ လေးကိုနှိပ်လိုက်ပါ။ ဒီစနစ်ကတော့ ကိုယ်အသုံးပြုခဲ့တဲ့ History နဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ အချက်အလက်တွေကို မှတ်သားထားနိုင်တဲ့ နေရာဖြစ်ပါတယ်။ ခုလိုမြင်ရပါလိမ့်မယ်။