Xbox360 wireless controller အတွက် PC receiver များဝင်ရောက်

Xbox-controller-NAL-online-newproduct-2015OCT-8.jpg

မူလက Xbox360 ဂိမ်းစက်များတွင်သာ ချိတ်ဆက်ကစားနိုင်သော Xbox360 wireless လက်ကိုင်များကို PC တွင် ချိတ်ဆက်ပြီး ဂိမ်းများကစားနိုင်ရန် လိုအပ်သည့် Xbox360 wireless receiver များ ဝင်ရောက်လာကြောင်း သိရသည်။

အဆိုပါ receiver များကို Windows 7, 8 နှင့် 8.1 OS များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး Xbox360 ဂိမ်းစက်ရှိပြီးသူများအနေဖြင့် receiver တစ်ခုတည်း ဝယ်ယူရုံဖြင့် Xbox360 wireless controller များကို PC ဖြင့် ချိတ်ဆက်ကစားနိုင်မည်ဖြစ်သည်။ လိုအပ်သော driver များကိုပါ အခမဲ့ ရယူနိုင်မည်ဖြစ်သည်။ Xbox 360 wireless receiver များကို ၂၂,ဝဝဝ ကျပ်၊ Original Xbox360 wireless controller များကို ၆ဝ,ဝဝဝ ကျပ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို GAME HIVE ဖုန်း ၀၉-၇၃၁၁၈၅၅ဝ နှင့် ၀၉-၄၅ဝဝ၄၁၅ဝဝ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။