Instagram တွင် follower အများဆုံး ၅ ဦးမှာ အမျိုးသမီးများဖြစ်

taylor-SH-theverge-2015oct7.jpg

Instagram သည် ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် follow အများဆုံး ပြုလုပ်ခံရသူ ၅ ဦးစာရင်းကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန်ပေးခဲ့သည်။

အဆိုပါစာရင်းတွင် follow ပြုလုပ်သူ ၄၉.၆ သန်းအရေအတွက်ဖြင့် အဆိုတော် တေလာဆွစ်မှာ ထိပ်ဆုံးတွင် ဦးဆောင်လျက်ရှိသည်။ ၎င်းအရေအတွက်သည် ကမ္ဘာတစ်ဝန်း Instagram အသုံးပြုသူသန်း ၄၀၀ ၏ ၁၀ ရာခိုင်နှုန်း

ခန့် ရှိသည်။ Instagram တွင် follow အများဆုံး ရရှိသူများစာရင်းတွင် selfie ဘုရင်မအဖြစ် လူသိများသည့် ကင်မ်ကာဒစ်ရှန်မှာ ၄၇.၂ သန်း၊ ဆီလီနာဂိုမက်ဇ်မှာ ၄၅.၉သန်းနှင့် အေရီယာနာဂရာဒီမှာ ၄၄.၆ သန်း ဟူ၍ အသီးသီးရပ်တည်နေသည်။ Instagram ၏ follow အများဆုံးရရှိသည့် account  ၅ ခုပိုင်ရှင်မှာ အမျိုးသမီးများဖြစ်သလို ၎င်းတို့အားလုံးမှာ ပေါ့ပ်ကြယ်ပွင့်များလည်း ဖြစ်ကြသည်။

ပေါ့ပ်ယဉ်ကျေးမှု၏ သင်္ကေတများ ဖြစ်ကြသူများ follow အများဆုံးပြုလုပ် ခံရခြင်းမှာ ၎င်းတို့အနေဖြင့် မကြာခဏဆိုသလို ပျော်ရွှင်ဖွယ်ရာကောင်းသော အရာများကိုတင်ခြင်းကြောင့် ဖြစ်ကြောင်း Instagram ၏ global creative ပရိုဂရမ်ဆိုင်ရာ အကြီးအကဲ ချားလ်ပို့ခ်ျက မှတ်ချက်ပြုခဲ့သည်။

Ref: TheVerge