Wiz Khalifa ၏ “See You Again” ကို YouTube တွင် ကြည့်ရှုသည့်အရေအတွက် တစ်ဘီလီယံရှိလာ

12141763_10153236247947825_3754114400923964372_n.jpg

Wiz Khalifa ၏ “See You Again” ကို YouTube တွင် ကြည့်ရှုသည့် အကြိမ်အရေအတွက် တစ်ဘီလီယံဖြင့် စံချိန်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သီချင်းသည် Spotify တွင် တစ်ရက်တည်း stream လုပ်ကာ နားဆင်မှု အများဆုံး သီချင်းအဖြစ် စံချိန်တင်ခဲ့သလို Billboard ၏ လူကြိုက်အများဆုံး သီချင်းစာရင်းတွင်လည်း အောင်မြင်မှုအရရှိဆုံး ရက်ပ်သီချင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။

YouTube တွင် ကြည့်ရှုသည့်အရေအတွက် တစ်ဘီလီယံ ပြည့်ခဲ့သည့် ၁၀ ခုမြောက် သီချင်းဖြစ်သော “See You Again” သည် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်သွားခဲ့သော Fast and Furious ဇာတ်ကားများတွင် အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သူ အမေရိကန်သရုပ်ဆောင် Paul Walker ကို ဂုဏ်ပြုထားသည့် သီချင်းဖြစ်သည်။

၎င်းသီချင်းသည် Gangnam Style ပြီးနောက် ဒုတိယမြောက် အမြန်ဆုံး စံချိန်တင်နိုင်ခဲ့သည့် သီချင်းလည်း ဖြစ်သည်။

Ref: Buzzfeed