Curtin Singapore တွင် Commerce ဘာသာရပ်ကို တက်ရောက်နေသော မမြတ်စန္ဒီအောင်၏ Student Life

12025491_545716902242636_518470643_n.jpg

ဒီအပတ်မှာတော့ စင်ကာပူနိုင်ငံမှာရှိတဲ့ Curtin Singapore မှာ Commerce ဘာသာရပ်ကိုတက်ရောက်နေတဲ့ မမြတ်စန္ဒီအောင်ရဲ့ Student Life ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

အခုလက်ရှိတက်ရောက်နေတဲ့ ကျောင်းနာမည်နဲ့ ဘာသာရပ်ကိုသိပါရစေ။

Curtin Singapore မှာ Diploma Commerce (Management and Marketing) တက်ရောက်နေတာပါ။

ဘာကြောင့်ဒီ တက္ကသိုလ်ကိုရွေးချယ်ခဲ့တာလဲ။

Curtin  Singapore  ကို အဓိကရွေးချယ်ခဲ့တာကတော့  “Fast-track” ရှိလို့ပါ။ သူက ၈ လနဲ့ Diploma ရပြီးတော့ ၁၆ လတက်ရုံနဲ့ Bachelor ရတယ်လေ။ နှစ်နှစ်နဲ့ Bachelor ရော၊ Diploma ရောရတဲ့ အတွက်ပါ။ အချိန်ကုန်လည်းသက်သာတယ်၊ ငွေကုန်လည်းသက်သာတယ်လေ။

ကိုယ်တိုင်ကျောင်းလျှောက်ခဲ့တာလား၊ အေးဂျင့်ကလျှောက်ခဲ့တာလား။

YIUS မှာ University Foundation Program တက်ပြီး YIUS  နဲ့ပဲ အခမဲ့ကျောင်းလျှောက်ခဲ့တာပါ။

YIUS ကိုရော ဘာကြောင့်ရွေးချယ်တက်ရောက်ခဲ့တာလဲ။

YIUS မှာက ၈ လ Foundation ရှိတယ်လေ။ အဲ့ Foundation ပြီးတာနဲ့ YIUS နဲ့ချိတ်ဆက်ထားတဲ့ University တွေကို တိုက်ရိုက်သွားလို့ ရတယ်။ ကိုယ်သွားချင်တဲ့ နိုင်ငံနဲ့တက်ချင်တဲ့ University ကို ရွေးချယ်ပြီး တက်လို့ရလို့ YIUS ကိုရွေးချယ်ဖြစ်သွားတာပါ။

YIUS မှာတက်ခဲ့တော့ အခုစင်ကာပူ Curtin မှာ အထောက်အကူဖြစ်သလား။

ဟုတ်ကဲ့။ အများကြီးအထောက်အကူဖြစ်ပါတယ်။ YIUS Foun-dation မှာက Assignments တွေလည်းလုပ်ရတယ်။ Presentations တွေလုပ်ပြီးလည်း လူအများရှေ့မှာထွက်ပြောရတယ်ဆိုတော့ အစစ အရာရာကြိုတင်ပြင်ဆင်ပြီးသားဖြစ်တာပေါ့နော်။

သင်ကြားပုံကကော ကွာခြားသလား။

နည်းနည်းတော့ကွာခြားပါတယ်။ ဒီကဆရာတွေက စာသင်တာ နည်းနည်းမြန်သလိုပဲ။ ဒါပေမဲ့ YIUS မှာလိုပဲ သိပ်နားမလည်လိုက်တဲ့ စာတွေကို ဆရာနဲ့ပြန်မေးလို့ရပါတယ်။

International Students တွေနဲ့တွေ့တော့ကော အခက်အခဲရှိလား။

သမီးအတွက် အခက်အခဲမရှိပါဘူး။ ဘာလို့လဲဆိုတော့ International Students တွေကလည်းကိုယ်လိုပဲဆိုတော့ အရမ်းဖော်ရွေတယ်။ ပြီးတော့ အကူအညီ လည်းပေးတယ်။ သမီးမှာအခုဆို Indonesia ကရော China, Vietnam, Malaysia ကရော၊ ပြီးတော့ မြန်မာတချို့ရောနဲ့ သူငယ်ချင်းတွေ အများကြီး ရနေပြီဆိုတော့ အရမ်း အဆင်ပြေပါတယ်။

စင်ကာပူမှာကျောင်းသွားတက်ရောက်ဖို့ကော visa အတွက် ခက်ခဲခဲ့သလား။

မရှိပါဘူးရှင့်။ YIUS ကပဲ အားလုံးအသေးစိတ်စီစဉ်ပေးတာပါ။

Curtin Singapore ကိုလာတက်ချင်တဲ့ မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေကော ဘာပြောချင်သလဲ။

သမီးအနေနဲ့အကြံပေးချင်တာကတော့ သမီးလိုပဲ Foundation တက်ရောက်စေချင်ပါတယ်။ ဒါမှအားလုံး Prepare လုပ်ပြီးသားဖြစ်မှာလေ။ ပြီးတော့ IELTS ဒါမှမဟုတ် Curtin Singapore ရဲ့ Placement test ကို ဖြေပေးဖို့လည်းလိုပါတယ်။ Curtin Singapore မှာတက်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အားလုံးကိုလည်း University အကြောင်း သိချင်တာပဲဖြစ်ဖြစ်၊ Campus အကြောင်းတို့၊ Singapore အကြောင်းတို့ သိချင်ရင် YIUS ကိုဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင်။