Battery ++

unnamed.png

Android OS သုံးစွဲသည့်သူများအတွက် Phone, Tablet တို့၏ Battery ကို အမြဲစောင့်ကြည့်ပေးနိုင်မည့်  App တစ်ခုဖြစ်သည်။ အဆိုပါ App သည်၊ အခြား Battery Saver App များကဲ့သို့ Battery အားနည်း သည့်အချိန်နှင့် အားပြည့်သည့်အချိန်များတွင် Notification များဖြင့် ဖော်ပြပေးမည်ဖြစ်ပြီး၊ Battery နည်းသည့် အချိန်တွင် မိမိ ပိတ်ချင်သည့်အပိုင်းများကို ပိတ်နိုင်ရန်အတွက် သတ်မှတ်ပေးနိုင်မည်ဖြစ်သည်။

အဆိုပါ App ကို အသုံးပြုခွင့်အတွက် ယခင်က Play Store တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းရပြီး၊ ယခု အခါမှာတော့ အခမဲ့ အသုံးပြုခွင့်ကို ရရှိမည်ဖြစ်သည်။ Android Version 4.0 နှင့်အထက် Device များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။